Privacy Notice

ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ အသိပေးချက်

Gofoniyotor Elan


  1. Purpose of registration?

၁။ မှတ်ပုံတင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

  1. Rejisthar goroónor moksót

Registration and identification of refugees is key for the people concerned, as well as for States to know who has arrived, and to facilitate access to basic assistance and protection. The process of registration enables the early identification of individuals with specific needs within a population and their referral to an available protection response. The very fact of being registered can protect against refoulement (forced return), arbitrary arrest and detention. It helps keep families together and assists UNHCR in reuniting separated children with their families.
Registration of asylum seekers and refugees is primarily a state responsibility carried out under national and international law, however UNHCR can also provide support as set out in the ExCom Conclusion on the Registration of Refugees and Asylum-seekers No. 91 (LII).

ဒုက္ခသည်များကို မှတ်ပုံတင်ခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်းသည် သက်ဆိုင်သူများအတွက်သာမက၊ မည်သူများရောက်ရှိလာသည်ကို သိရှိရန်နှင့် အခြေခံအကူအညီများနှင့် အကာအကွယ်များကို ရရှိနိုင်ရန်အတွက် နိုင်ငံတော်အစိုးရများအတွက်ပါ အလွန်အရေးကြီးပါသည်။ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်သည် လူဦးရေတစ်ခုအတွင်း အထူးလိုအပ်ချက်ရှိသူများကို စောစီးစွာသိရှိနိုင်စေရန်နှင့် ရရှိနိုင်သော အကာအကွယ်ပေးရေး အစီအစဉ်များသို့ လွှဲပြောင်းပေးနိုင်ရန် အထောက်အကူပြုပါသည်။မှတ်ပုံတင်ထားခြင်းသည် နေရပ်သို့ အဓမ္မပြန်လည်စေလွှတ်ခြင်း (refoulement)၊ မတရားဖမ်းဆီးခြင်း နှင့် ထိန်းသိမ်းခြင်း တို့မှ ကာကွယ်ပေးနိုင်ပါသည်။ ၎င်းသည် မိသားစုများ တကွဲတပြားမဖြစ်အောင် ထိန်းသိမ်းပေးပြီး မိသားစုနှင့် ကွဲကွာနေသော ကလေးငယ်များကို ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ဆုံစည်းနိုင်ရန် UNHCR အား ကူညီပေးပါသည်။
ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များကို မှတ်ပုံတင်ခြင်းသည် အဓိကအားဖြင့် နိုင်ငံတော်နှင့် နိုင်ငံတကာဥပဒေများအရ သက်ဆိုင်ရာအစိုးရ၏ တာဝန်ဖြစ်သော်လည်း၊ UNHCR အနေဖြင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား မှတ်ပုံတင်ခြင်းဆိုင်ရာ ExCom ဆုံးဖြတ်ချက်အမှတ် ၉၁ (LII) တွင် ဖော်ပြထားသည့်အတိုင်း ပံ့ပိုးကူညီမှုများ ပေးနိုင်ပါသည်။

Refúji okkolorè rejisthar goron ar sinno gorá beci jaruri jararè gorè tarárla edde, aro endilla decor tun hón tara fooñcce jani bolla, ar endilla haás modot ar hèfázoton dibollá. Rejisthar gorar karwaíyí ei aasan goridè manuícor dhaí ortun haás jaruri ola manuíc okkolè toratori sinno gori bollá ar hèfázotonor zuab dede hitáráre refer goribollá. Rejisthar owá eí soñli farè bolazuri wapes gora, monzokka giraftar gora ar nozor bon rákattun . Eiyan ei modot gorè fèmli rè fuwanti raki bollá, aro modot gorè UNHCR orè alok fuwain okkolorè hitárár fèmli loi wapes dola gori bollá. Refúji ar faná tuoya okkolorè rejisthar goron haás gori decor jimmadari ar eiyan ore decor ar inthernacenalor kaanun or mutabek gore, oileyó UNHCR ExCom Conclusion No. 91 (LII) refúji ar faná tuoya okkolor rejisthar gorat diye torìka okkolor mutabek modot gora jaibo.

UNHCR and governments collaborate in a number of ways to achieve this. In Bangladesh, Rohingya refugees were initially registered by the Government of Bangladesh, Ministry of Home Affairs. Following the 2018 Memorandum of Understanding (MOU), the Government of Bangladesh (GoB) handed over the data to UNHCR, to establish a unique and trusted identity management system to enable protection and the delivery of humanitarian assistance. Since then, the registration has been a joint undertaking of UNHCR and GoB. Authorized UNHCR staff and government officials, including but not limited to the Office of the Refugee Relief and Repatriation Commissioner (RRRC) and Camp in Charges (CiCs), can access specified information depending on their functions. Without this collaboration, UNHCR and GoB would not be able to register new births and marriages, issue documents, approved relocation requests and otherwise facilitate camp administration, nor be able to undertake the biometric identification of new arrivals. This collaboration is essential to facilitate access to protection, services, assistance as well as to promote self-reliance for refugees and coordinate the humanitarian response.

UNHCR နှင့် အစိုးရများသည် ဤရည်မှန်းချက်အောင်မြင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ကြပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်များကို အစပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နားလည်မှုစာချွန်လွှာ (MOU) အပြီးတွင် ဘင်္ဂလားဒေ့ရှ်အစိုးရ (GoB) သည် အကာအကွယ်ပေးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန်အတွက် သီးသန့်ဖြစ်ပြီး ယုံကြည်စိတ်ချရသော မည်သူမည်ဝါဖြစ်ကြောင်း စီမံခန့်ခွဲမှုစနစ် (Identity Management System) တစ်ခု တည်ထောင်ရန် အချက်အလက်များကို UNHCR ထံ လွှဲပြောင်းပေးခဲ့ပါသည်။ထိုအချိန်မှစ၍ မှတ်ပုံတင်ခြင်းလုပ်ငန်းသည် UNHCR နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီးရုံး (RRRC) နှင့် စခန်းတာဝန်ခံများ (CiCs) အပါအဝင် ခွင့်ပြုချက်ရရှိထားသော UNHCR ဝန်ထမ်းများနှင့် အစိုးရအရာရှိများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များအပေါ် မူတည်၍ သတ်မှတ်ထားသော အချက်အလက်များကို ကြည့်ရှုအသုံးပြုနိုင်ပါသည်။ဤပူးပေါင်းဆောင်ရွက်မှုမရှိဘဲ UNHCR နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် မွေးဖွားခြင်းနှင့် လက်ထပ်ခြင်းအသစ်များကို မှတ်ပုံတင်ခြင်း၊ စာရွက်စာတမ်းများ ထုတ်ပေးခြင်း၊ နေရာရွှေ့ပြောင်းရန် တောင်းဆိုချက်များကို အတည်ပြုခြင်း၊ စခန်းစီမံခန့်ခွဲမှုကို ဆောင်ရွက်ခြင်းနှင့် အသစ်ရောက်ရှိလာသူများ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကို စစ်ဆေးအတည်ပြုခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ပါ။ ဤပူးပေါင်းဆောင်ရွက်မှုသည် အကာအကွယ်ပေးရေး၊ ဝန်ဆောင်မှုများနှင့် အကူအညီများကို ရရှိစေရန်အတွက်သာမက ဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်း မြှင့်တင်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုများကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။

UNHCR ar hokumot millè botdhoilla torika loi eiyan orè hasil goribollá. Bangladesh ot maze curut Rohingya refúji okkolorè rejisthar goíjje dè Bangladesh or hokumot ar Bangladesh or ghoror muntri bhibag ei . 2018 or dui dhaí ekku fuwanti haam goribár razinama (MOU) rè mani orè, Bangladesh or hokumot (GOV), eí gosai diye dheta okkol UNHCR orè . Ugga haás ar bicác górajade sinno orè soñli bar torìka banai bollá hèfázoton salu goribollá erde insaniyot modot okkolorè dibollá. Eyar forè loti rejisthar gorá UNHCR ar GOB joint gorat ase. Kaanuni ejazot ola UNHCR or staff okkol ar hokumot or ofisar okkol – kintuk cudu etara noi – Office of the Refugee Relief and Repatriation Commissioner (RRRC) ar camp in charge (CIC) okkolè lot faifarè haás goijjá maalumat okkol itarar hám or uóre nirbhor gori. UNHCR ar hokumot ekku fuwanti haam nogorile , noya jormo oibo dè fuwain okkol ar noya biya rejisthar gorá no jaito, habós fonna issues gora, jaga bodolar request orè ejazot diya nojaito, aro endilla camp entezam gora no jaito . Ar no endilla bio metric sinno gorá jaito noya foñsoyorla . Eí milizuli hám gora jaruri refúji okkolor hèfázoton ar modot lootfa dibollá aro endilla nizor uóre botdiya rè tuli bollá ar insaniyoti juab orè thik gori coordinate goribollá.

The legitimate basis for the processing of personal data by UNHCR is ‘UNHCR’s mandate. This is because this data processing is necessary for delivery of protection and essential assistance, services to refugees in line with UNHCR’s mandate.; is for reasons of public order, security and based on the Personal Data Protection Ordinance 2025.

UNHCR မှ ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရခြင်း၏ တရားဝင်အခြေခံအကြောင်းရင်းမှာ UNHCR ၏ လုပ်ပိုင်ခွင့် (Mandate) ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ အချက်အလက်စီမံဆောင်ရွက်ခြင်းသည် UNHCR ၏ လုပ်ပိုင်ခွင့်နှင့်အညီ ဒုက္ခသည်များအတွက် အကာအကွယ်ပေးရန်နှင့် မရှိမဖြစ်လိုအပ်သော အကူအညီနှင့် ဝန်ဆောင်မှုများ ပေးအပ်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ၎င်းသည် ပြည်သူ့အေးချမ်းသာယာရေး၊ လုံခြုံရေးနှင့် ၂၀၂၅ ခုနှစ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကာကွယ်ရေး အမိန့် (Personal Data Protection Ordinance 2025) တို့အပေါ်တွင်လည်း အခြေခံထားပါသည်။

Kaanuni mutabek UNHCR or nizor maalumat hamaka jaruri .Eí dheta karwaíyí íba jaruri hèfázoton, lagede modot , hèdmot okkol dibollá refúji okkolorè UNHCR or torìka mutabek. Íba re aro goraja public order ar hèfázoton orla, íba re soñlerde Personal Data Ordinance 2025 eí….

During the registration process, you were provided with information about the processing and sharing of your basic biodata (including name, date of birth, and country of origin), biometrics and, in some cases minimum information, about your assessed vulnerabilities with other humanitarian actors for the purpose of providing you with protection services and assistance. You have the right to enquire further about which humanitarian actors will receive your information, the precise purpose for which your personal data is to be shared, and what personal data will be shared. Should you raise concern about the sharing of any personal data with humanitarian actors, UNHCR will address your concerns.

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွင်း သင့်အား အကာအကွယ်ပေးရေးဆိုင်ရာ ဖြစ်စဉ်များ နှင့် အကူအညီများ ပေးအပ်နိုင်ရန်အတွက် သင့်၏ အခြေခံကိုယ်ရေးအချက်အလက်များ (အမည်၊ မွေးသက္ကရာဇ်နှင့် မူရင်းနိုင်ငံ အပါအဝင်)၊ ဇီဝဆိုင်ရာအချက်အလက်များ (Biometrics) နှင့် အချို့သောအခြေအနေများတွင် သင်၏ထိခိုက်လွယ်မှုဆိုင်ရာ အနည်းဆုံးသောအချက်အလက်များကို အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် မျှဝေခြင်း၊ စီမံဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ သင့်အား အသိပေးထားပြီးဖြစ်ပါသည်။ မည်သည့်လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သင့်အချက်အလက်များကို လက်ခံရရှိမည်နည်း၊ သင့်အချက်အလက်များကို မျှဝေရခြင်း၏ တိကျသောရည်ရွယ်ချက်နှင့် မည်သည့်အချက်အလက်များကို မျှဝေမည်နည်းဟူသည်တို့ကို ထပ်မံမေးမြန်းစုံစမ်းပိုင်ခွင့် သင့်တွင်ရှိပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ကိုယ်ရေးအချက်အလက်များ မျှဝေခြင်းနှင့်ပတ်သက်၍ သင်စိုးရိမ်ပူပန်မှုရှိပါက UNHCR မှ ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

Rejisthar gorár thaim ot , oñne diyo de hobòr okkol karwaíyí gorar share gorár baabote jendilla neki oñnor zati maalumat golaiya ase ( oñnor name, jonom din , ar original dec ) , biometric endilla oñnor case mutabek hobór okkol, oñnor enteham goíjje kamzuri okkol oinno insaniyoti hám goroya okkolorè oñnore hèfázoton ar modot diyar moksót loi yore. Oñnortun hok ase janibar hon insaniyoti hám goroya okkolorè hon dheta okkol faibo,haás moksót kiyolla oñnor data share gorá giyède ar hon dheta gan share goíjje de. Oñne oñnor narazgi tuli fariba oñnor nizor dheta okkol insaniyoti hám goroyar loi share gorónor baabote. UNHCR oñnor concern loi dekhbal goribo.

The confidentiality of refugees’ personal data is an important part of refugee protection. Neither UNHCR nor the GoB will share your biodata with the Government of Myanmar (GoM) unless specific conditions are met. This commitment of confidentiality is part of the Memorandum of Understanding on the Exchange of Personal Data 2018 (MoU) which forms the legal basis for the processing of your personal data between UNHCR and the GoB. It is only when UNHCR has assessed that conditions to return are conducive and you have taken an informed decision to voluntarily return to Myanmar that your biodata can be shared with the GoM. Please note that all your personal data are recorded and stored in ways that meet information security standards.

ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ လျှို့ဝှက်မှုကို ထိန်းသိမ်းခြင်းသည် ဒုက္ခသည်များအား အကာအကွယ်ပေးရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ UNHCR သို့မဟုတ် ဘင်္ဂလားဒေ့ရှ်အစိုးရ (GoB) တို့သည် သတ်မှတ်ထားသော အခြေအနေများ ပြည့်စုံခြင်းမရှိပါက သင့်ကိုယ်ရေးအချက်အလက်များကို မြန်မာအစိုးရ (GoM) နှင့် မျှဝေမည် မဟုတ်ပါ။ ဤလျှို့ဝှက်ချက် ထိန်းသိမ်းရန် ကတိကဝတ်သည် UNHCR နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ကိုယ်ရေးအချက်အလက်များ စီမံဆောင်ရွက်ခြင်းအတွက် ဥပဒေကြောင်းအရ အခြေခံဖြစ်သော ၂၀၁၈ ခုနှစ် ကိုယ်ရေးအချက်အလက်များ ဖလှယ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။နေရပ်ပြန်ရန် အခြေအနေများမှာ ကောင်းမွန်ပြီဖြစ်ကြောင်း UNHCR မှ ဆုံးဖြတ်ပြီးနောက်၊ သင်ကိုယ်တိုင်ကလည်း အခြေအနေအရပ်ရပ်ကို သိရှိနားလည်ပြီး မြန်မာနိုင်ငံသို့ မိမိသဘောဆန္ဒအလျောက် ပြန်ရန် ဆုံးဖြတ်ချက်ချပြီးမှသာ သင့်ကိုယ်ရေးအချက်အလက်များကို မြန်မာအစိုးရနှင့် မျှဝေနိုင်မည် ဖြစ်ပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်အားလုံးကို သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ စံနှုန်းများနှင့်အညီ မှတ်တမ်းတင်သိမ်းဆည်းထားကြောင်း အသိပေးအပ်ပါသည်။

Refúji okkolor nizor dheta okkolorè gufoniyot raka hóde iyan ekkan jaruri haam refúji hèfázoton ot. Noi UNHCR ar noi Bangladesh or hokumote share goribo oñnor zati maalumat okkol burmar hokumot (GoM) rè haás haálot ot noíle . Eí gufoniyot or waáda jiyan ase Memorandum of Understanding on the Exchange of Personal Data 2018 (MoU) or hissá jiyan neki kaanuni goijje UNHCR ar GOB er dormiyanot maze nizor dheta karwaíyí gorarla boli. Meèrbani gori iyan note goro oñnor nizor dheta okkolorè record gora ar jomá gora giye en ugga torìka loi jiba hóbor or security loi mile.

  1. What personal data will be collected from you?

၂။ သင့်ထံမှ မည်သည့်ကိုယ်ရေးအချက်အလက်များကို ကောက်ယူမည်နည်း။

  1. Hon nizor dheta gun dhola gori loíbo oñnor tun?

Please note that during registration/biometric identification only authorized personnel are allowed to collect and update your records. We will collect the following data from you and your family members:

  1. Basic information: Name, date of birth, sex, ethnicity, country of origin, family composition, addresses and contact details.
  2. Other information: Disabilities or special protection needs (if applicable), work experience and skills, education, and languages.
  3. Biometrics: Individual photographs, ten-digit fingerprints and two iris scans. Iris scans are not taken for those who go through the biometric identification process.

Your biometrics are unique to you and allow UNHCR and GoB to establish your unique identity record in our systems for the purposes of providing essential protection services and assistance. Because of their sensitivity, we process your biometric data with utmost care and protection. UNHCR stores your personal data in UNHCR’s Population Registration and Identity Management Ecosystem system (PRIMES). To maintain data accuracy and ensure effective protection, it is important that you keep your information up-to-date and inform UNHCR registration staff of any changes, for example regarding family composition or address.

မှတ်ပုံတင်ခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric) စစ်ဆေးခြင်းလုပ်ငန်းစဉ်အတွင်း ခွင့်ပြုချက်ရရှိထားသည့် ဝန်ထမ်းများသာလျှင် သင်၏အချက်အလက်များကို ကောက်ယူခြင်းနှင့် ပြင်ဆင်ခြင်းတို့ ပြုလုပ်ခွင့်ရှိကြောင်း သတိပြုပေးပါ။ ကျွန်ုပ်တို့သည် သင်နှင့် သင့်မိသားစုဝင်များထံမှ အောက်ပါအချက်အလက်များကို ကောက်ယူပါမည် –
(က) အခြေခံအချက်အလက်များ – အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ လူမျိုး၊ မူရင်းနိုင်ငံ၊ မိသားစုဖွဲ့စည်းပုံ၊ လိပ်စာနှင့် ဆက်သွယ်ရန်အချက်အလက်များ။
(ခ) အခြားအချက်အလက်များ – မသန်စွမ်းမှု သို့မဟုတ် အထူးအကာအကွယ်ပေးရန် လိုအပ်ချက်များ (ရှိခဲ့လျှင်)၊ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ၊ ပညာအရည်အချင်းနှင့် ဘာသာစကားများ။
(ဂ) ဇီဝဆိုင်ရာအချက်အလက်များ (Biometrics) – တစ်ဦးချင်းစီ၏ ဓာတ်ပုံ၊ လက်ချောင်းဆယ်ချောင်း၏ လက်ဗွေနှင့် မျက်လုံးသူငယ်အိမ် (Iris) စကင်ဖတ်ခြင်း (၂) ခု။ ဇီဝဆိုင်ရာအချက်အလက် စစ်ဆေးမှုလုပ်ငန်းစဉ် (Biometric identification process) ကိုဖြတ်သန်းပြီးသူများအတွက် မျက်လုံးသူငယ်အိမ် စကင်ဖတ်ခြင်းကို ထပ်မံပြုလုပ်မည်မဟုတ်ပါ။
သင်၏ ဇီဝဆိုင်ရာအချက်အလက်များသည် သင့်တစ်ဦးတည်းအတွက်သာ သီးသန့်ဖြစ်ပြီး၊ ၎င်းသည် UNHCR နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့၏ စနစ်များအတွင်း သင့်အား မည်သူမည်ဝါဖြစ်ကြောင်း သီးသန့်မှတ်တမ်းတစ်ခုအဖြစ် တည်ဆောက်ရန်နှင့် မရှိမဖြစ်လိုအပ်သော အကာအကွယ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကူအညီများ ပေးအပ်နိုင်ရန်အတွက် အထောက်အကူပြုပါသည်။ ဤအချက်အလက်များသည် အလွန်အရေးကြီးသောကြောင့် ကျွန်ုပ်တို့အနေဖြင့် သင်၏ ဇီဝဆိုင်ရာအချက်အလက်များကို အထူးဂရုစိုက်ကာ အကာအကွယ်ပေး၍ စီမံဆောင်ရွက်ပါသည်။UNHCR သည် သင်၏ကိုယ်ရေးအချက်အလက်များကို UNHCR ၏ လူဦးရေမှတ်ပုံတင်ခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း စီမံခန့်ခွဲမှုစနစ် (PRIMES) တွင် သိမ်းဆည်းထားပါသည်။ အချက်အလက်များ တိကျမှန်ကန်စေရန်နှင့် ထိရောက်သော အကာအကွယ်ပေးမှုများ ရရှိစေရန်အတွက် သင့်မိသားစုဖွဲ့စည်းပုံ သို့မဟုတ် လိပ်စာ ပြောင်းလဲခြင်းစသည့် အချက်အလက်များကို UNHCR မှတ်ပုံတင်ရေးဝန်ထမ်းများထံ အသိပေးခြင်းဖြင့် သင်၏အချက်အလက်များကို အမြဲတမ်း နောက်ဆုံးပေါ်အခြေအနေအတိုင်းဖြစ်အောင် ထိန်းသိမ်းထားရန် အရေးကြီးပါသည်။

Meèrbani gori iyan note goijjo rejisthar goribar/ biometric sinno gorá thaim ot serif kaanuni ejazot ola manush orè ejazot diya ase dhola gori loíbolla ar ar oñnor record orè update gori bollá.
Añra nisor dheta gún loíyum oñnortun ar oñnor fèmli tun.
A. Gurar hobór okkol : nam, jonom tarikh, morot-maiya, zati, asoli dec, ghoror manuc or liis, thikana ar taalukat or tofsil okkol.
B. Oinno hobór okkol: maazir yató haás hèfázoton or jarurat( jodi takile) , hámor tojuruba ar bidda, elom ar basa okkol .
C. Biometric: Alok alok photo, doccua ola oñlor thip, dua iris scan. Iris scan uitárár la no jara biometric sinno karwaíyí re gore.
Oñnor biometric oñnorla alokh UNHCR ar GOB orè ejazot dibo soñli bollá edde banai bollá ugga alokh sinnor record añrar system ot jaruri hèfázoton or hèdmot ar modot dibar moksót loi.
Kiyolla hoíle oñnor biometric dheta beci najuk, hetolla UNHCR rè eínorè beci hèfázoton or santhe soñli rakhe . UNHCR eí oñnor nizor dheta okkolorè ugga mahafúz system ot rakhe jibar nam neki Population Registration and Identity Management Ecosystem System PRIMES.
Dheta okkolorè soyi ar thaim mutabek update raki bollá ar oñnor bala hèfázotonorla boli.UNHCR orè update diya jaruri jodi hono hobór bodole misal ortun fèmli membor yató thikana oñne UNHCR or rejisthar gorède staff orè hobór do.

  1. Who has access to your personal data? 

၃။ သင်၏ ကိုယ်ရေးအချက်အလက်များကို မည်သူများ ကြည့်ရှုအသုံးပြုခွင့် ရှိသနည်း။

  1. Hone oñnor nizor dheta okkol lot faibo ?

UNHCR works closely with GOB as part of the joint registration process under the 2018 Memorandum of Understanding. Only authorized UNHCR personnel and government officials can access your personal data depending on their functions.

Under an improved modality for data processing that will be rolled out in 2026, UNHCR will continue to store and manage your data for joint continuous registration, documentation, and humanitarian response. Relevant Government authorities (including Ministry of Foreign Affairs (MOFA), Ministry of Home Affairs (MOHA), Ministry of Disaster Management and Relief (MoDMR), Office of the Refugee Relief and Repatriation Commissioner (RRRC), Department of Immigrations and Passports (DIP) , Election Commission (EC), and Bangladesh Telecommunication Regulatory Commission (BTRC) will be able to access your data through a new database developed by the Bangladesh Computer Council (BCC) to support protection and access to services. Importantly, no new categories of personal data will be accessed by these authorities beyond what is already jointly processed today.

UNHCR သည် ၂၀၁၈ ခုနှစ် နားလည်မှုစာချွန်လွှာ (MoU) အရ ပူးတွဲမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပါသည်။ ခွင့်ပြုချက်ရရှိထားသော UNHCR ဝန်ထမ်းများနှင့် အစိုးရအရာရှိများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များအပေါ် မူတည်၍သာ သင်၏ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုအသုံးပြုနိုင်ပါသည်။
၂၀၂၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည့် အဆင့်မြှင့်တင်ထားသော အချက်အလက်စီမံဆောင်ရွက်မှုပုံစံသစ်အရ၊ UNHCR သည် ပူးတွဲမှတ်ပုံတင်ခြင်း၊ စာရွက်စာတမ်းများ ထုတ်ပေးခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုများအတွက် သင့်အချက်အလက်များကို ဆက်လက်သိမ်းဆည်း စီမံခန့်ခွဲသွားမည်ဖြစ်ပါသည်။
သက်ဆိုင်ရာ အစိုးရဌာနများဖြစ်သည့် (နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)၊ ပြည်ထဲရေးဝန်ကြီးဌာန (MOHA)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန (MoDMR)၊ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီးရုံး (RRRC)၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံကူးလက်မှတ်ဦးစီးဌာန (DIP)၊ ရွေးကောက်ပွဲကော်မရှင် (EC) နှင့် ဘင်္ဂလားဒေ့ရှ် တယ်လီဖုန်းဆက်သွယ်ရေး ထိန်းသိမ်းကွပ်ကဲမှုကော်မရှင် (BTRC)) တို့သည် အကာအကွယ်ပေးရေးနှင့် ဝန်ဆောင်မှုများရရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ် ကွန်ပျူတာကောင်စီ (BCC) မှ အသစ်ဖော်ဆောင်ထားသော ဒေတာဘေ့စ် (Database) မှတစ်ဆင့် သင့်အချက်အလက်များကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ အဓိကအချက်မှာ အဆိုပါအာဏာပိုင်များသည် ယနေ့လက်ရှိ ပူးတွဲစီမံဆောင်ရွက်နေသည့် အချက်အလက်အမျိုးအစားများထက် ပိုမိုသောအချက်အလက်များကို ကြည့်ရှုသုံးစွဲမည် မဟုတ်ပါ။

UNHCR eí beci dhake gori ham gore GOB loi joint rejisthar gorá karwaíyí hissa loi 2018 or razinamar tole. Serif kaanuni ejazot ola UNHCR or manùc okkolè ar hokumotor ofisar okkole hitárár hámor uóre nirbhor gorí iñnor nijor dheta lot faibo.
Ugga torki goijjá torìkar tole dheta okkolor haám goríbolla jibare neki 2026 ot nelaibo. UNHCR rè dheta dhola gora ar soñla rè solai loijaboi laátat joint rejisthar goribollá, habós fonna goribollá ar hèfázotonor juab dibollá. Taalukat gorède hokumot or jimmadar okkol (camil ase Ministry of Foreign Affairs (MOFA), Ministry of Home Affairs (MOHA), Ministry of Disaster Management and Relief (MoDMR), Office of the Refugee Relief and Repatriation Commissioner (RRRC), Department of Immigrations and Passports (DIP) , Election Commission (EC), ar Bangladesh Telecommunication Regulatory Commission (BTRC) lot faibo oñnor noya dheta rakoni torki goijjede Bangladesh Computer Council ( BCC ) eí modot goríbolla hèfázoton ar hèdmot okkol faibollá. Jaruri hisáfe ar no noya dheta lot faibo ei jinmader ein ne jin already joint gori karwaíyí gori fèlaiye aijja.

  1. Who do we share your information with?

၄။ သင်၏အချက်အလက်များကို ကျွန်ုပ်တို့ မည်သူနှင့် မျှဝေမည်နည်း။

  1. Añra hontrare tuáñr malumat har saté share (hissá) gorium?

We share your information with:

  1. UN Agencies and/or non-governmental organizations working in Bangladesh for Rohingya refugees: We share your personal data with other UN Agencies or non-governmental organizations best suited to provide you with the services (protection or assistance) you need.
  2. With Governments: To enable their responsibilities to provide protection and assistance to and seek durable solutions for refugees, data such as relevant biographical individual, biometrics and family-level information can be shared with the authorities of the host State or resettlement countries. As mentioned above, your personal data would only be shared with the Government of Myanmar (GoM) if UNHCR has assessed that conditions to return are conducive and that you have taken an informed decision to voluntarily return to Myanmar.

The personal data can be shared with the respective entities on the basis of UNHCR’s mandate and the data sharing Protocols between UNHCR and the respective entities. Your personal information shall be treated with utmost care in compliance with UNHCR’s Data Protection and Privacy Framework. Please note on a needs-based approach, UNHCR may identify you through your biometrics. Using a needs-based approach, UNHCR may provide relevant partner organizations with limited and secure access to our system solely for the purpose of verifying your identity when delivering assistance in partnership with UNHCR but will not transfer your biometrics outside our database to them. 

Your personal data will be kept confidential and not be shared with any third parties beyond those described above without you being informed. 

ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို အောက်ပါတို့နှင့် မျှဝေပါသည် –
(က) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် လုပ်ဆောင်နေသော ကုလသမဂ္ဂအေဂျင်စီများ နှင့်/သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်းများ : သင်လိုအပ်သော ဝန်ဆောင်မှုများ (အကာအကွယ်ပေးရေး သို့မဟုတ် အကူအညီများ) ကို ပေးအပ်ရန် အသင့်တော်ဆုံးဖြစ်သည့် အခြားသော ကုလသမဂ္ဂအေဂျင်စီများ သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် သင်၏ကိုယ်ရေးအချက်အလက်များကို မျှဝေပါသည်။
(ခ) အစိုးရများနှင့် မျှဝေခြင်း: ဒုက္ခသည်များအတွက် အကာအကွယ်ပေးရန်၊ အကူအညီပေးရန်နှင့် ရေရှည်အဖြေရှာရန် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ ဇီဝဆိုင်ရာအချက်အလက်များနှင့် မိသားစုအဆင့် အချက်အလက်များကို လက်ခံကုစားပေးသည့်နိုင်ငံ (Host State) သို့မဟုတ် ပြန်လည်နေရာချထားရေးနိုင်ငံ (Resettlement countries) များရှိ အာဏာပိုင်များနှင့် မျှဝေနိုင်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ နေရပ်ပြန်ရန် အခြေအနေများမှာ ကောင်းမွန်ပြီဖြစ်ကြောင်း UNHCR မှ ဆုံးဖြတ်ပြီးနောက်၊ သင်ကိုယ်တိုင်ကလည်း အခြေအနေအရပ်ရပ်ကို သိရှိနားလည်ပြီး မြန်မာနိုင်ငံသို့ မိမိသဘောဆန္ဒအလျောက် ပြန်ရန် ဆုံးဖြတ်ချက်ချပြီးမှသာ သင့်ကိုယ်ရေးအချက်အလက်များကို မြန်မာအစိုးရ (GoM) နှင့် မျှဝေမည်ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက်များကို UNHCR ၏ လုပ်ပိုင်ခွင့်နှင့် UNHCR နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ချုပ်ဆိုထားသော အချက်အလက်မျှဝေခြင်းဆိုင်ရာ သဘောတူညီချက်များ (Protocols) အပေါ် အခြေခံ၍ မျှဝေခြင်းဖြစ်ပါသည်။ သင်၏ကိုယ်ရေးအချက်အလက်များကို UNHCR ၏ အချက်အလက်ကာကွယ်ရေးနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းမှုဆိုင်ရာ မူဘောင် (Data Protection and Privacy Framework) နှင့်အညီ အထူးဂရုစိုက်၍ ကိုင်တွယ်ဆောင်ရွက်ပါမည်။
လိုအပ်ချက်ပေါ်မူတည်၍ UNHCR နှင့် ပူးပေါင်းကာ အကူအညီများပေးအပ်ရာတွင် သင့်အား မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများကို ကျွန်ုပ်တို့၏စနစ်အတွင်း ကန့်သတ်ချက်ဖြင့် လုံခြုံစွာ ကြည့်ရှုခွင့်ပေးနိုင်ပါသည်။ သို့သော် သင်၏ ဇီဝဆိုင်ရာအချက်အလက်များကို ကျွန်ုပ်တို့၏ ဒေတာဘေ့စ်ပြင်ပသို့ ၎င်းတို့ထံ လွှဲပြောင်းပေးမည်မဟုတ်ပါ။
သင်၏ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထားရှိမည်ဖြစ်ပြီး အထက်တွင်ဖော်ပြထားသော အဖွဲ့အစည်းများမှအပ အခြားပြင်ပအဖွဲ့အစည်းများသို့ သင့်အား အသိပေးခြင်းမရှိဘဲ မျှဝေမည်မဟုတ်ပါ။

Añra share goriyum oñnor hobór okkol:
a. UN ejensi okkol loi ar hokumot nóde dhaí okkol loi Bangladesh or ham gorerde Rohingya refújirla: Añra oñnor nijor dheta okkol oinno UN ejensi ar hokumot nóde dhaí okkol loi share gori oñnore lagerde hèdmot( hèfázoton ar modot) loi mile de hendilla.
b. Hokumot loi: Itárar jimmadari hèfázoton diya, modot diya ar jaruri hol tuwai bollá refúji okkolorla boli , jendilla neki taalukat gorède maalumat ola manush, biometric ar fèmli level or hobór okkol share gore takede dec loi edde ar resettlement oide dec Loi yore. Uórtun hoiyede mutabek oñnor dheta hin share oibo Burmar hokumot loi jodi UNHCR rè forika gore wapes jaa hèfázoton hoi ar noíle oñne nize baze razi oile Burmar jaibolla.
Nizor dheta okkolorè share gori faribo taalukat gorède dhaí okkol loi UNHCR or torìka mutabek ar data share gorar protocol mutabek dono darmiyan dhaí edde UNHCR. Oñnor dheta re soñli raka foríbo UNHCR or Data Protection and Privacy Framework Mutabek. Iyan note goijjo jaruri mutabek UNHCR rè taalukat gorède hendilla dhaí okkol loi hodh diya dheta lotfa dit farè añrar system orè haás gori oñnor sinno re saik goribár moksot loi jente modot okkol de UNHCR loi mili yore kintuk no fargaraibo oñnor biometric dheta rakede jagar bhairè .
Onnor dheta gun gufoniyot rakibo hono 3 lombor or dhaí loi share gorá nojaibo uórtun hoiyede ein baade oñnore hobor nohoi.

  1. How long do we retain your personal data?

၅။ သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ မည်မျှကြာအောင် သိမ်းဆည်းထားမည်နည်း။

  1. Hoto din foijjonto añra rakium oñnor dheta ?

Your personal data will be kept in UNHCR database as long as you are of concern to UNHCR and as long as it is necessary for the provision of protection and assistance and seeking solutions in accordance with relevant regulations, rules, policies, administrative instructions, and other instruments established or adopted by the United Nations.

သင်သည် UNHCR ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသရွေ့လည်းကောင်း၊ အကာအကွယ်ပေးရေး၊ အကူအညီပေးရေးနှင့် အဖြေရှာဖွေရေးတို့အတွက် လိုအပ်နေသရွေ့လည်းကောင်း၊ ကုလသမဂ္ဂမှ ချမှတ်ထားသော သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများ၊ စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားလုပ်ထုံးလုပ်နည်းများနှင့်အညီ သင်၏ကိုယ်ရေးအချက်အလက်များကို UNHCR ဒေတာဘေ့စ်တွင် သိမ်းဆည်းထားမည်ဖြစ်ပါသည်။

Oñnor nizor dheta ein raka jaibo UNHCR or dheta rake de jagat jeto din foijjonto oñne UNHCR loi taalukatot je hoto eín jaruri hefajóton ar modot dibolla ar hol tuwai bolla boli , kaanun, torika, policy, entezamor hota okkolor mutabek , aro United Nation ei baniyede ar fali raikke de samana okkol.

  1. Your rights

၆။ သင်၏ အခွင့်အရေးများ

  1. Oñnor hok okkol

We are committed to respecting and protecting your personal data in line with all applicable data protection principles. You have the following rights:

  1. Right to information: To request more information regarding handling your personal data.
  2. Right to access: You may request access to your personal data.
  3. Right to rectification: You have the right to obtain rectification of the data that you consider inaccurate or incomplete.
  4. Right to object: You have the right to object to the processing of your personal data on grounds relating to your particular situation. Please note that refusals or objections to the processing of personal data may in some circumstances lead to deregistration and, as a result, the discontinuation of protection and assistance. This is because the processing of some personal data is required for the GOB and UNHCR’s joint processes. More details can be provided upon request.

Please note your requests or concerns will be evaluated in accordance with UNHCR Data Protection and Privacy Framework which sets out your rights as data subjects and how they are applied.

တည်ဆဲအချက်အလက်ကာကွယ်ရေးဆိုင်ရာ မူဝါဒအားလုံးနှင့်အညီ သင်၏ကိုယ်ရေးအချက်အလက်များကို လေးစားရန်နှင့် ကာကွယ်ရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုထားပါသည်။ သင့်တွင် အောက်ပါအခွင့်အရေးများ ရှိပါသည် –
(က) သတင်းအချက်အလက်ရယူပိုင်ခွင့် – သင်၏ကိုယ်ရေးအချက်အလက်များကို မည်သို့ကိုင်တွယ်ဆောင်ရွက်သည်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို တောင်းဆိုပိုင်ခွင့်။
(ခ) ကြည့်ရှုစစ်ဆေးပိုင်ခွင့် – သင်၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုစစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။
(ဂ) မှားယွင်းချက်ကို ပြင်ဆင်ပိုင်ခွင့် – မမှန်ကန်ဟု သို့မဟုတ် မပြည့်စုံဟု သင်ယူဆသော အချက်အလက်များကို ပြင်ဆင်ရန် အခွင့်အရေးရှိပါသည်။
(ဃ) ကန့်ကွက်ပိုင်ခွင့် – သင်၏ သီးခြားအခြေအနေများနှင့် ဆက်စပ်ပြီး ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်နေခြင်းအပေါ် ကန့်ကွက်ပိုင်ခွင့် ရှိပါသည်။
မှတ်ချက် – ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရန် ငြင်းဆိုခြင်း သို့မဟုတ် ကန့်ကွက်ခြင်းတို့သည် အချို့သောအခြေအနေများတွင် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခြင်းနှင့် ယင်းကြောင့် အကာအကွယ်ပေးရေးနှင့် အကူအညီများ ရပ်ဆိုင်းသွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် UNHCR တို့၏ ပူးတွဲလုပ်ငန်းစဉ်များအတွက် အချို့သော ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်သောကြောင့်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို တောင်းဆိုပါက ထပ်မံဖြေကြားပေးနိုင်ပါသည်။
သင်၏ တောင်းဆိုချက်များ သို့မဟုတ် စိုးရိမ်ပူပန်မှုများကို အချက်အလက်ပိုင်ရှင် (Data subjects) များ၏ အခွင့်အရေးနှင့် ထိုအခွင့်အရေးများကို မည်သို့ကျင့်သုံးရမည်ကို ပြဋ္ဌာန်းထားသည့် UNHCR ၏ အချက်အလက်ကာကွယ်ရေးနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းမှုဆိုင်ရာ မူဘောင် (UNHCR Data Protection and Privacy Framework) နှင့်အညီ ဆန်းစစ်သုံးသပ်သွားမည်ဖြစ်ကြောင်း သတိပြုပေးပါ။

Oñnor hok okkol : Añra wada goijja hefazot gori bolla edde izzat gori bolla oñnor nizor dheta okkol jedun dheta hefazot goribar torika ase hin loiyore.
Oñnortun nisor hok gún ase :
a. Hobór or hok : Oñnor dheta ré soñli bar baábote aró hobór arós goribolla.
b. Lotfaibar hok : Oñne nizor dheta lot faibar aros gori fariba.
C. Thik goribar hok : Oñnortu dheta jiyan nasoyi ofuron lagé eiyanóre thik goribar hok
d. Mana goribar hok: Oñnor haalot uore nirbhor gori nizor dheta karwaiyi mana goribar hok.
Meérbani gori note goro nizor dheta karwaiyi mana gora ei kissu haalot maze rejisthar gora no oibo ar folafól hisafé oñnor hefazoton ar modot bondo oi jaiboi. Iyán kiyolla hoile kissu nizor dheta karwaiyi jaruri GOB ar UNHCR joint karwaiyit maze. Aro tofsil diya jaibo arós goille.

Meérbani gori note goró oñnor taalukat ar aros okkoloré maáfa jaibo UNHCR Data Protection and Privacy framework mutabek jiba ei neláiye oñnor hok oré dheta subject hisafe ar hinoré kengorí gora jaibo eiyan oré.

  • If you have concerns regarding the collection and use of your personal data, or if you would like to lodge a complaint about the use of your personal data by UNHCR, you may do so by approaching the UNHCR office or contacting us on [email protected].
  • All services provided by UNHCR, and partners are free of charge. In case someone approaches you for money or favors for providing UNHCR’s services, please contact:
  • Email address: [email protected]
  • Call UNHCR Helpline: 16670. Calling is free of charge.
  • Drop your message in confidential complaint boxes
  • You can also make a complaint with the Inspector General’s Office at [email protected]
  • You can always submit your request or complaint regarding your personal data; please visit UNHCR offices in the Registered Camps or speak to any UNHCR protection or field staff.
  • If you are unsure where to find information, ask a Site Management volunteer or a Community Outreach Member.
  • You can also reach UNHCR for any concerns and/or complaints through:
    • Email address: [email protected] 
    • Call UNHCR Helpline: 16670. Calling is free of charge.
    • Drop your message in confidential complaint box.

• သင်၏ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်းနှင့် အသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သို့မဟုတ် UNHCR မှ သင့်အချက်အလက်များကို အသုံးပြုပုံနှင့်ပတ်သက်၍ တိုင်ကြားလိုပါက UNHCR ရုံးသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ [email protected] သို့ ဆက်သွယ်၍ဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။
• UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပေးအပ်သော ဝန်ဆောင်မှုအားလုံးသည် အခမဲ့ ဖြစ်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးက UNHCR ၏ ဝန်ဆောင်မှုများအတွက် ငွေကြေး သို့မဟုတ် အခွင့်အရေးတစ်စုံတစ်ရာ တောင်းခံလာပါက အောက်ပါအတိုင်း ဆက်သွယ်အကြောင်းကြားပေးပါ –
• အီးမေးလ်လိပ်စာ – [email protected]
• UNHCR အကူအညီပေးရေးဖုန်းလိုင်း (Helpline) – ၁၆၆၇၀ (16670) သို့ ဆက်သွယ်ပါ။ (ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်သည်)။
• လျှို့ဝှက်တိုင်ကြားစာသေတ္တာများအတွင်း မိမိ၏ အကြောင်းကြားစာကို ထည့်သွင်းပါ။
• သင်သည် စစ်ဆေးရေးအရာရှိချုပ်ရုံး (Inspector General’s Office) သို့လည်း [email protected] မှတစ်ဆင့် တိုင်ကြားနိုင်ပါသည်။
• သင်၏ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တောင်းဆိုချက်များ သို့မဟုတ် တိုင်ကြားချက်များကို အချိန်မရွေး တင်ပြနိုင်ပါသည်။ မှတ်ပုံတင်ထားသော စခန်းများရှိ UNHCR ရုံးများသို့ သွားရောက်ပါ သို့မဟုတ် UNHCR အကာအကွယ်ပေးရေးဝန်ထမ်း (Protection staff) သို့မဟုတ် ကွင်းဆင်းဝန်ထမ်း (Field staff) တစ်ဦးဦးအား ပြောကြားနိုင်ပါသည်။
• အချက်အလက်များကို မည်သည့်နေရာတွင် ရှာဖွေရမည်ကို မသေချာပါက စခန်းစီမံခန့်ခွဲမှုဆိုင်ရာ စေတနာ့ဝန်ထမ်း (Site Management volunteer) သို့မဟုတ် လူထုဆက်သွယ်ရေးအဖွဲ့ဝင် (Community Outreach Member) တစ်ဦးဦးအား မေးမြန်းပါ။
• အခြားသော စိုးရိမ်ပူပန်မှုများ သို့မဟုတ် တိုင်ကြားချက်များအတွက် UNHCR ထံသို့ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည် –
 အီးမေးလ်လိပ်စာ – [email protected]
 UNHCR အကူအညီပေးရေးဖုန်းလိုင်း (Helpline) – ၁၆၆၇၀ (16670) သို့ ဆက်သွယ်ပါ။ (ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်သည်)။
 လျှို့ဝှက်တိုင်ကြားစာသေတ္တာအတွင်း အကြောင်းကြားစာ ထည့်သွင်းပါ။

• Jodi oñnortun hono taalukat také nizor dheta dhola gora ar estemal gora loi , ar oñnortun jodi dorhaz goitto mone ho oñnor nizor dheta estemal gorerde UNHCR or duara . Oñne UNHCR or ofis ot jaí gori fáriba ar noile añrare taalukat gori fariba [email protected] ot maze.
• UNHCR ar partner okkolór duara jedun hedmot diyaja beggún mána. Jodi honíkka oñnor tiñya ar modot saiyede oile UNHCR or hedmot okkol dibolla boli , taalukat goro :
• Email or thikana :
• UNHCR or modot or lombor : 16670. Call gora mana.
• Oñnor hobór oré gufoniyoti complaint box ot .
• Oñne aro inspector general or ofis ot dorhas di fariba [email protected].
• Ónne aro oñnor aros ar dorhas oré joma dit fariba nizor dheta karwaiyirla boli: meérbani gori visit goró register camp ot ar noile hota ho UNHCR or hefazotón ar field or staff okkol loi .
• Jodi oñne sure node oile hobór horé tuwaiba ugga site management or volunteer yatoba community outreach member ortun fusarlo.
• Oñne UNHCR or hañse jai fariba je hono taalukat ar dorhas orla :
* Email or thikana : [email protected].
* UNHCR or modot or lombor : 16670. Call gora mana.
* Oñnor hobór oré gufoniyoti complaint box ot.

Please see the Notice on improved data processing, Frequently Asked Questions Frequently Asked Questions on Improved Data Processing Modalities between the Government of Bangladesh and UNHCR modalities for your reference.

ကိုးကားရန်အတွက် “အဆင့်မြှင့်တင်ထားသော အချက်အလက်စီမံဆောင်ရွက်မှုဆိုင်ရာ အသိပေးချက်” နှင့် “အမေးများသော မေးခွန်းများ (FAQs on improved data processing)” တို့ကို ကြည့်ရှုပေးပါ။ (လင့်ခ်များကို ဤနေရာတွင် ထည့်သွင်းရန်) Frequently Asked Questions on Improved Data Processing Modalities between the Government of Bangladesh and UNHCR

Meerbani gori saiyo torki goijja dheta karwaiyi , barbar fusar loyede suwal okkols (FAQs on improved data processing) modalities for your reference Frequently Asked Questions on Improved Data Processing Modalities between the Government of Bangladesh and UNHCR.