မြန်မာနိုင်ငံရှိ UNHCR အကြောင်း

UNHCR၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ လုပ်ငန်းအားလုံးသည် လူသားချင်းစာနာမှု၊ နိုင်ငံရေးမပါဝင်သော၊ နိုင်ငံတကာအသိအမှတ်ပြုထားသော လူသားချင်းစာနာမှုဆိုင်ရာအခြေခံမူများဖြစ်သည့်၊ လူသားချင်းစာနာမှု၊ ကြားနေခြင်း၊ ဘက်မလိုက်ခြင်း နှင့် လွတ်လပ်စွာဆောင်ရွက်ခြင်းစသဖြင့်လမ်းညွှန်မှုများနှင့်အညီဆောင်ရွက်ပါသည်။

UNHCR သည် ဒုက္ခသည်များ၊ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဒုက္ခသည်ဟောင်းများ၊ မိမိတို့နိုင်ငံတွင်းရှိနေရပ်စွန့်ခွါနေရသူများ နှင့် နိုင်ငံမဲ့ သို့မဟုတ် နိုင်ငံသားဖြစ်မှုဆိုင်ရာအငြင်းပွားနေသူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် နှင့် အကာအကွယ်ပေးရန် ကုလသမဂ္ဂ မှ တာဝန်အပ်နှင်းထားသော အေဂျင်စီ တစ်ခုဖြစ်သည်။

UNHCR သည် မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်ကတည်းကရှိနေခဲ့တာဖြစ်ပါသည်။ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေအပြင် ပဲခူး၊ မကွေး၊ စစ်ကိုင်း နှင့် တနသာင်္ရီတိုင်းဒေသကြီးများရှိ အတင်းအကျပ်နေရပ်စွန့်ခွါ ရွှေ့ပြောင်းနေထိုင်နေရသူများ နှင့် နိုင်ငံမဲ့သူများ၏လိုအပ်ချက်များအတွက်အလေးထားဆောင်ရွက်လျက်ရှိပါသည်။

UNHCR သည် မိတ်ဖက် အေဂျင်စီများ၊ NGO များနှင့် ဒေသခံလူထုများ ကဲ့သို့သော လုပ်ဖော်ကိုင်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အသက်ကယ်အကူအညီနှင့် အရေးပေါ် ကယ်ဆယ်ရေးဝန်ဆောင်မှူများ ပံ့ပိုးပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်လျက်ရှိပါသည်။

အတင်းအကျပ်နေရပ်စွန့်ခွါရွှေ့ပြောင်းနေရသူများ၊ နိုင်ငံမဲ့သူများ နှင့် ၎င်းတို့၏ခိုလုံရာဒေသရှိရပ်ရွာလူထုအသိုက်အဝန်းများ၏ အခြေခံလူ့အခွင့်အရေးအတွက်လည်း ကျွန်ုပ်တို့ ထောက်ခံအားပေးပါသည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ထိုသူများကို အိမ်ဟုခေါ်သော လုံခြုံသောနေရာတစ်ခုရှိစေရန်နှင့်လူမှုအသိုင်းအဝိုင်းများတွင် သဟဇာတဖြစ်ဖြစ် နှင့် ကြုံတွေ့နေရသော ဘေးဒုက္ခများကိုကြံ့ကြံ့ခံရပ်တည်နိုင်သော၊ ပိုမိုကောင်းမွန်သောအနာဂတ်ကိုတည်ဆောက်နိုင်စေမည့် ရေရှည်တည်တံ့သောဖြေရှင်းနည်းများရရှိနိုင်အောင်လုပ်ဆောင်သွားရန်ဖြစ်ပါသည်။

သင်သည်မြန်မာပြည်ပြင်ပမှာရောက်နေပါသလား။ နိုင်ငံခြားက ဆွေမျိုးတွေကို ဆက်သွယ်ရန် အကူအညီတောင်းခံနေသူဖြစ်ပါသလား။ ထိုသို့ဆိုလျင် UNHCR ၏ အကူအညီ ပင်မစာမျက်နှာ သို့ဝင်ရောက်ပြီးမိမိရှာဖွေလိုသောနိုင်ငံကိုရွေးကာ လိုအပ်သောအချက်အလက်များကိုရှာဖွေနိုင်သည် သို့မဟုတ် သင်နှင့်အနီးဆုံးနိုင်ငံရှိ UNHCRရုံးသို့ ဆက်သွယ်ကာ အကြံပြုချက် တောင်းခံနိုင်သည်။

အိမ်နီးချင်းနိုင်ငံများ၏ လင့်ခ်များ

UNHCR မှာ အလုပ်လုပ်ချင်ပါတယ်။ UNHCR က ကျွန်တော်/မ ကို အလုပ်ခန့်လို့ရလား။ လူကြီးမင်းတို့၏ စိတ်ပါဝင်စားမှုအတွက် ကျေးဇူးတင်ရှိပြီး မိမိနှင့်အရည်အချင်းပြည့်မီကိုက်ညီသော ရာထူးများအတွက် လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။ http://careers.un.org မှတဆင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး၏စာမျက်နှာတွင် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေနိုင်ပါသည်။


သက်ဆိုင်သော အချက်အလက်များ