မရှိပါဘူး။ UNHCR၏ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်သည်။ သင်သည် မည်သည့်အဆင့်တွင်မဆို UNHCR၏ ဝန်ဆောင်မှု သို့မဟုတ်စာရွက်စာတမ်းများအတွက် မည်သည့်အခါမျှ ငွေပေးချေခြင်းမပြုသင့်ပါ။ UNHCRဝန်ထမ်းများ သို့မဟုတ် စကားပြန်များက သင့်အား ငွေကြေးတောင်းခံပါက ၎င်းတို့အား UNHCRထံသို့ သတင်းပို့တိုင်ကြားနိုင်ပါသည်။
သတင်းပို့တိုင်ကြားခြင်းပြုလုပ်နိုင်မည့် လမ်းညွှန်ချက်များအတွက်၊ လိမ်လည်မှုနှင့်အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း စာမျက်နှာကိုကြည့်ပါ။
ဤဝဘ်ဆိုက်တွင်အောက်ပါအချက်အလက်များ သင်တွေ့ ရလိမ့်မည်ဖြစ်သည်။
သင်သည်မြန်မာပြည်ပြင်ပမှာရောက်နေပါသလား။ နိုင်ငံခြားက ဆွေမျိုးတွေကို ဆက်သွယ်ရန် အကူအညီတောင်းခံနေသူဖြစ်ပါလား။ ထိုသို့ဆိုလျင် UNHCR ၏ အကူအညီ ပင်မစာမျက်နှာ ပင်မစာမျက်နှာသို့ဝင်ရောက်ပြီး မိမိရှာဖွေလိုသောနိုင်ငံကိုရွေးကာ လိုအပ်သောအချက်အလက်များကိုရှာဖွေနိုင်သည် သို့မဟုတ် သင်နှင့်အနီးဆုံးနိုင်ငံရှိ UNHCRရုံးသို့ ဆက်သွယ်ကာ အကြံပြုချက် တောင်းခံနိုင်သည်။