ရေကြီးမှုနှင့် မုန်တိုင်းအန္တရာယ်ကင်းရှင်းရေး – အကြံပြုချက်များ

အရေးကြီးမှတ်စု – UNHCR ၏ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ပါသည်။

ရေဘေးအန္တရာယ် ဘေးကင်းလုံခြုံစေရေး လမ်းညွှန်ချက်များ

မြန်မာနိုင်ငံသည် အထူးသဖြင့် မုတ်သုန်ရာသီတွင် ပြင်းထန်သော ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိပါသည်။ မြေနိမ့်ပိုင်းဒေသများ၊ မြစ်ကမ်းနံဘေးနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှာ ရေတက်လာ ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပြိုခြင်းများအတွက် အထူးအန္တရာယ်ရှိသောဒေသများဖြစ်ပါသည်။ သတင်းအချက်အလက်ကြိုတင်ရရှိခြင်းနှင့် ပြင်ဆင်ထားခြင်းအားဖြင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင် ပါသည်။

ဤလမ်းညွှန်သည် မြန်မာနိုင်ငံရှိ ရပ်ရွာလူထု၊ မိသားစုများနှင့် လူပုဂ္ဂိုလ်များအား အရေးကြီးသော ရေဘေးအန္တရာယ် ဘေးကင်းလုံခြုံစေရေးနည်းလမ်းများကို ဖော်ပြထားပါသည်။ သင့်အနေဖြင့် ရေကြီးရေလျှံတတ်သောဒေသများတွင် နေထိုင်သူဖြစ်စေ၊ သို့မဟုတ် ကြိုတင်ပြင်ဆင်လိုသူဖြစ်စေ၊ ဤနည်းလမ်းများသည် ရေဘေးဒဏ်ခံနိုင်ရည်ရှိစေရန်နှင့် ရေမကြီးမီ၊ ရေကြီးနေစဥ်နှင့် ရေကြီးပြီးနောက် အချိန်များတွင် ဘေးအန္တရာယ်ကင်းရှင်းစွာနေထိုင်နိုင်ရန် အထောက်အကူဖြစ်စေပါသည်။

အကယ်၍ သင် (သို့မဟုတ်) သင်၏မိတ်ဆွေတစ်ဦးသည် ရေဘေးဒဏ်ခံစားနေရပြီး အကူအညီလိုအပ်နေပါက (သို့မဟုတ်) UNHCR မှ ထောက်ပံ့သော အကူအညီနှင့်ပတ်သက်၍ မေးမြန်းလိုပါက UNHCR သို့ ဆက်သွယ်နိုင်ပါသည်

မုန်တိုင်းအန္တရာယ် ဘေးကင်းလုံခြုံစေရေး လမ်းညွှန်ချက်များ

မြန်မာနိုင်ငံသည် အထူးသဖြင့် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို မကြာခဏ ကြုံတွေ့နေရပါသည်။ ဘင်္ဂလားပင်လယ်အော်တစ်လျှောက်တွင် ရှည်လျားသော ကမ်းရိုးတန်းရှိခြင်းကြောင့် မုန်တိုင်းရာသီတွင် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီး၊ ရေလျှံခြင်း စသည့် ဘေးအန္တရာယ်များကို ခံစားရနိုင်ပါသည်။ မုန်တိုင်းမတိုက်မီ၊ တိုက်ခတ်နေစဥ်နှင့် မုန်တိုင်းတိုက်ပြီးနောက် အချိန်များတွင် မည်သို့ တုံ့ပြန်ဆောင်ရွက်သင့်သည်ကို သိရှိထားပြီး၊ ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်ပါသည်။

ဤလမ်းညွှန်သည် မြန်မာနိုင်ငံရှိ ရပ်ရွာလူထု၊ မိသားစုများနှင့် လူပုဂ္ဂိုလ်များအား မုန်တိုင်းဒဏ် ခံနိုင်ရည်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာနေထိုင်နိုင်ရန် အထောက်အကူဖြစ်စေမည့် လက်တွေ့ကျသော နည်းလမ်းများကို ဖော်ပြထားပါသည်။ သင့်အနေဖြင့် အန္တရာယ်များသောဒေသတွင် နေထိုင်သူဖြစ်စေ၊ သို့မဟုတ် ကြိုတင်ပြင်ဆင်လိုသူဖြစ်စေ၊ ဤနည်းလမ်းများသည် သင့်နှင့် သင့်ချစ်ရသူများကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

အကယ်၍ သင် (သို့မဟုတ်) သင်၏မိတ်ဆွေတစ်ဦးသည် မုန်တိုင်းဒဏ်ခံစားနေရပြီး အကူအညီလိုအပ်နေပါက (သို့မဟုတ်) UNHCR မှ ထောက်ပံ့သော အကူအညီနှင့်ပတ်သက်၍ မေးမြန်းလိုပါက UNHCR သို့ ဆက်သွယ်နိုင်ပါသည်