ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR သည် ဤဝဘ်ဆိုဒ်ကို မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ နိုင်ငံမဲ့သူများ၊ ခိုလှုံခွင့်တောင်းသူများနှင့် ဒုက္ခသည်များအတွက် အထောက်ကူပြုရန် ၎င်းတို့နှင့်အတူပူးပေါင်းဖန်တီးထားခြင်းဖြစ်ပါသည်။
ဤဝဘ်ဆိုက်တွင်အောက်ပါအချက်အလက်များ သင်တွေ့ ရလိမ့်မည်ဖြစ်သည်။
➡️မြန်မာနိုင်ငံရှိ UNHCR အကြောင်း
➡️မိသားစုပြန်လည်ဆက်သွယ်ခြင်း
➡️ကျွန်ုပ်တို့အားဆက်သွယ်ရန်
➡️လိမ်လည်မှုနှင့်အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း
➡️လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများနှင့် အလွဲသုံးစားမှုများကို တိုင်ကြားခြင်း
➡️အကြံပြုချက်များနှင့်တိုင်ကြားချက်များပေးပို့ရန်
UNHCR၏ဝန်ဆောင်မှုများအတွက် ကျွန်ုပ်ငွေကြေးကုန်ကျမှုရှိနိုင်သလား။
မရှိပါဘူး။ UNHCR၏ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်သည်။ သင်သည် မည်သည့်အဆင့်တွင်မဆို UNHCR၏ ဝန်ဆောင်မှု သို့မဟုတ်စာရွက်စာတမ်းများအတွက် မည်သည့်အခါမျှ ငွေပေးချေခြင်းမပြုသင့်ပါ။ UNHCRဝန်ထမ်းများ သို့မဟုတ် စကားပြန်များက သင့်အား ငွေကြေးတောင်းခံပါက ၎င်းတို့အား UNHCRထံသို့ သတင်းပို့တိုင်ကြားနိုင်ပါသည်။
သတင်းပို့တိုင်ကြားခြင်းပြုလုပ်နိုင်မည့် လမ်းညွှန်ချက်များအတွက်၊ လိမ်လည်မှုနှင့်အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း စာမျက်နှာကိုကြည့်ပါ။