လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့်အလွဲသုံးစားပြုခြင်း

အရေးကြီးမှတ်စု

  • UNHCR သည် တိုင်ကြားချက်အားလုံးကို အလေးအနက်ထားပြီး တစ်ဦးချင်းစီအလိုက် စုံစမ်းစစ်ဆေးဆောင်ရွက်ပါသည်။
  • တိုင်ကြားချက်တစ်ခုပေးပို့တင်ပြခြင်းကြောင်း သင့်အမှုဖိုင်ကို UNHCR မှ မည်သည့်နည်းဖြင့်မျှ သက်ရောက်မှုရှိစေလိမ့် မည်မဟုတ်ပါ။
  • တိုင်ကြားမှုများကို အမည်ဝှက်ဖြင့် လုပ်ဆောင်နိုင်သည်။
  • သင့်တိုင်ကြားချက်တွင်၊ သင့်သိရှိထားသည့် အချက်အလက်များနှင့် အထောက်အထားများ ဖေါ်ပြပေးပါ။
  • UNHCR နှင့် ဆက်သွယ်ဆောင်ရွက်မှုအားလုံးကို လျှို့ဝှက်ထားမည်ဖြစ်သည်။
  • IGO နှင့် ဆက်သွယ်မှုအားလုံးကို လျှို့ဝှက်ထားမည်ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုခြင်း ဆိုသည်မှာအဘယ်နည်း။

လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းဆိုသည်မှာ အမှန်တကယ်ကျူးလွန်ခြင်း သို့မဟုတ် တစ်စုံတစ်ဦး၏ အားနည်းချက် အနေအထားကို အလွဲသုံးစားပြုရန်ရည်ရွယ်ခြင်းအဖြစ် သတ်မှတ်ထားသည် (ဥပမာ- လူတစ်ဦးသည် ရှင်သန်မှု၊ အစားအသောက် ရိက္ခာ၊ ကျောင်းစာအုပ်များ၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် အခြားဝန်ဆောင်မှုများပေါ် မူတည်၍)၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာများကို ရယူရန် သြဇာအာဏာကွာဟမှုကိုအသုံးပြုလျက် သို့မဟုတ် ယုံကြည်ကိုးစားမှု၊ ငွေကြေး သို့မဟုတ် အခြားသော လူမှုရေး၊ စီးပွားရေး သို့မဟုတ် နိုင်ငံရေး အကျိုးကျေးဇူးများကို ပေးဆောင်ခြင်းဖြင့်ကျူးလွန်ခြင်း။ လူကုန်ကူးမှုနှင့် ပြည့်တန်ဆာ စသည်တို့ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်း ဆိုသည်မှာ အတင်းအကြပ် သို့မဟုတ် မညီမျှသော သို့မဟုတ် အတင်းအကြပ်အကြပ်ကိုင်မှုအောက်တွင်ဖြစ်စေ လိင်သဘောသဘာဝတစ်ခု၏ အမှန်တကယ် သို့မဟုတ် ခြိမ်းခြောက်ခံနေရသော ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ဆိုလိုသည်။ ၎င်းတို့တွင် လိင်ကျွန်ပြုမှု၊ ညစ်ညမ်းရုပ်ပုံစာပေ၊ ကလေးညှင်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ ပါဝင်သည်။

UNHCR သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဝန်ထမ်း၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် စေတနာ့ဝန်ထမ်း သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုအေဂျင်စီတစ်ခုမှ ပုဂ္ဂိုလ်များက ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းကို ဆိုးရွားကြီးလေးသော အကျင့်ပျက်မှုဟု သတ်မှတ်ပြီး ထိုကျူးလွန်သူအတွက် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုအားတိုင်ကြားခြင်း။

UNHCR၊ UN သို့မဟုတ် NGO ဝန်ထမ်းတစ်ဦးမှ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုမှု ဖြစ်နိုင်ခြေကို သိရှိပါက သို့မဟုတ် စိုးရိမ်မှုများ သို့မဟုတ် သံသယများရှိပါက UNHCR ရုံးချုပ်ရှိ စစ်ဆေးရေးမှူးရုံး (IGO) သို့ တိုက်ရိုက် သတင်းပို့ပါ။

ပိုမိုသိရှိလိုပါက၊ သင်သည်  လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှု အစီရင်ခံခြင်း (SEA)ဆိုင်ရာ UNHCR စာမျက်နှာ သို့ သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

(သို့မဟုတ်)

Interagency PSEA ကွန်ရက်၊ မြန်မာသို့ တိုင်ကြားနိုင်သည်။

  • လျှို့ဝှက်တိုင်ကြားပေးပို့နိုင်သော အီးမေးလ် – [email protected]
  • ဖုန်း – 09 405149616

(သို့မဟုတ်)

လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုအား တိုင်ကြားနိုင်သောဖုန်းလိုင်း (UNHCR)

  • ရန်ကုန်: +95 9450065964
  • ရခိုင်ပြည်နယ် (မောင်တော): +95 9662592920
  • ရခိုင်ပြည်နယ် (စစ်တွေ): +95 9880876838
  • အရှေ့တောင်ပိုင်း (ဘားအံ): +95 9456972196
  • အနောက်မြောက်ပိုင်း (စစ်ကိုင်း၊ မကွေး၊ မန္တလေး): +95 9880894701
  • အရှေ့မြောက်ပိုင်း (မြစ်ကြီးနား): +95 9894973995
  • အရှေ့မြောက်ပိုင်း (ဗန်းမော်): +95 9880876827
  • ရှမ်းပြည်နယ်မြောက်ပိုင်း: +95 9880876814

UNHCR PSEA Myanmar အီးမေးလ် : [email protected]


အသိပညာပေး ဆက်သွယ်ရေး သတင်းအချက်များ

ဗီဒီယိုများ

သက်ဆိုင်သော အချက်အလက်များ