လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း

UNHCR သည် ရပ်ရွာလူထုများ ဘေးကင်းသည်ဟုခံစားရမည့် အပြန်အလှန်လေးစားသော အားလုံးပါဝင်သော လူမှုပတ်ဝန်းကျင်တစ်ရပ်ဖြစ်ရေးကို အားပေးပါသည်။ UNHCR ဝန်ထမ်း သို့မဟုတ် UNHCR ၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတစ်ဦး သို့မဟုတ် ဒုက္ခသည်တစ်ဦးမှ အကျင့်ပျက်ခြစားမှုကျူးလွန်ခြင်း သို့မဟုတ် လိမ်လည်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှု သို့မဟုတ် သံသယရှိပါက မည်သူမဆို ယင်းစိုးရိမ်မှုများကို အစီရင်ခံသင့်ပါသည်။

လိမ်လည်မှုဆိုတာဘာလဲ

လိမ်လည်မှုဆိုသည်မှာ မိမိအတွက် သို့မဟုတ် အခြားသူတစ်ဦးဦးအတွက် အကျိုးအမြတ်ရရှိရန် အခြားတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားရန် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်ခြင်းအမှုတစ်ခုဖြစ်သည်။ လိမ်လည်မှုတွင် ဖုံးကွယ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖြစ်စဥ်မှားအားအစီရင်ခံခြင်း သို့မဟုတ် အချက်အလက်များကို ချန်လှပ်ခြင်းတို့အပြင် အခြားအချက်များလဲပါဝင်နိုင်သည်။

လိမ်လည်မှု ဥပမာအချို့ မှာ-

  • UNHCR မှ ဝန်ထမ်းတစ်ဦးသည် နေရပ်စွန့်ခွါရွှေ့ပြောင်းနေရသူတစ်ဦးချင်း/မိသားစုအတွက် ပြန်လည်နေရာချထားပေးရန်အစီအစဥ်တွင်ပါဝင်ရရှိလိုလျင် ငွေကြေးပေးရမည်ဟုကမ်းလှမ်းခြင်းသည်။
  • မိတ်ဖက်အဖွဲ့အစည်းတစ်ခု မှ ဝန်ထမ်းတစ်ဦးသည် နေရပ်စွန့်ခွါရွှေ့ပြောင်းနေရသူတစ်ဦးချင်း/မိသားစုအတွက် ၎င်းတို့အဖွဲ့မှထောက်ပံ့သော ဝန်ဆောင်မှုများရရှိလိုလျင် ငွေကြေးပေးရမည်ဟုကမ်းလှမ်းခြင်းသည်။
  • ရုံး/သက်ဆိုင်ရာဌာန/ဝန်ဆောင်မှုပေးရာနေရာ စသဖြင့်နေရာများကို ဝင်ရောက်ခွင့်ရရှိရန်အတွက် နေရပ်စွန့်ခွါရွှေ့ပြောင်းနေရသူတစ်ဦးချင်း/မိသားစု ထံမှငွေတောင်းခံသော လုံခြုံရေးအစောင့်တစ်ဦး။
  • နေရပ်စွန့်ခွါရွှေ့ပြောင်းဒုက္ခသည်တစ်ဦး/မိသားစုသည် အကူအညီများပိုမိုရယူရန်အလို့ငှာ ၎င်း၏မိသားစုဖွဲ့စည်းမှုအပါအဝင် ၎င်းတို့၏ကိုယ်ရေးကိုယ်တာအခြေအနေများနှင့်ပတ်သက်၍ UNHCR သို့ လိမ်လည်ပြောဆိုခြင်း။
  • နေရပ်စွန့်ခွါရွှေ့ပြောင်းဒုက္ခသည်တစ်ဦးသည် အထောက်အထားစာရွက်စာတမ်းအတုဖန်တီးပြုလုပ်ခြင်း သို့မဟုတ် အခြားသူ၏အထောက်အထားစာရွက်စာတမ်းကို ၎င်း၏အကျိုးကျေးဇူးအတွက် အသုံးပြုအယောင်ဆောင်ခြင်း။

UNHCR သည် UNHCR ဝန်ထမ်းတစ်ဦး သို့မဟုတ် မိတ်ဖက်ဝန်ထမ်းတစ်ဦးမှ ကျူးလွန်ခဲ့သော လိမ်လည်မှုမှန်သမျှကို အလေးအနက်ထား စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

နေရပ်စွန့်ခွါရွှေ့ပြောင်းဒုက္ခသည်တစ်ဦး/မိသားစုများမှ ကျူးလွန်သည့် လိမ်လည်မှုကိုလည်း UNHCR မှ ၎င်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးအနက်ထားပြီး အဆိုပါလိမ်လည်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

UNHCR သည် ဤဖြစ်ရပ်များ၏ အခြေအနေများကို ဖြစ်ရပ်တစ်ခုချင်းအလိုက် ထည့်သွင်းစဉ်းစားသည်၊ ကြီးလေးသောစွပ်စွဲချက်များသည် အကျိုးဆက်များ ရှိနိုင်သည်။ လိမ်လည်မှု ကျူးလွန်သူ မည်သူမည်ဝါဖြစ်ပါစေ သတင်းပို့ရမည်။ တိုင်ကြားလိုသောအမှုကိစ္စသည် လိမ်လည်မှုစွပ်စွဲချက်ဟုတ်မဟုတ် သင်မသေချာသည့်တိုင် ထိုကိစ္စအားတိုင်ကြားသင့်ပါသည်။

UNHCR နှင့် ၎င်း၏မိတ်ဖက်အဖွဲ့များမှထောက်ပံ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ကြောင်း သတိချပ်ပါ။

သင်သည် လိမ်လည်မှုခံရသူ သို့မဟုတ် မျက်မြင်သက်သေဖြစ်ပါက ၎င်းကိစ္စကို ချက်ချင်းသတင်းပို့ပါ။ သင့်အစီရင်ခံစာကို သေချာသော နှင့် လျှို့ဝှက်ထိန်းသိမ်းမှုဖြင့် အလေးထားဆောင်ရွက်မည်ဖြစ်သည်။

တင်းကျပ်သောလျှို့ဝှက်ထိန်းသိမ်းမှု့ကို ကျင့်သုံးပြီး မျှဝေထားသော အချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်သည်။ မည်သူမဆို ၎င်းတို့၏အမည်/အဆက်အသွယ်အချက်အလက်များကို မျှဝေခြင်းမပြုဘဲ အစီရင်ခံတင်ပြနိုင်သော်လည်း တိုင်ကြားချက်တွင်ပါရှိသောအချက်အလက်များ လုံလောက်မှုမရှိသောအခါ စုံစမ်းစစ်ဆေးသူများက ထိုအချက်အလက်များ ရရှိနိုင်ရန်ဆက်သွယ်ဆောင်ရွက်ရမည့်သူ၏အချက်အလက်များမရှိသဖြင့်  စုံစမ်းစစ်ဆေးမှုများကိုဆောင်ရွက်ရာတွင် အခက်ခဲရှိခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်နိုင်မှုမရှိခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပြုသင့်သည်။

အကျင့်ပျက်ခြစားမှုဆိုတာဘာလဲ။

UNHCR အဖွဲ့ဝင်များအပြင် ဝန်ထမ်းများ၊ ကန်ထရိုက်တာများနှင့် UNHCR ၏ လုပ်ဖော်ကိုင်ဖက်များ၏ စေတနာ့ဝန်ထမ်းများအားလုံးသည် ကျင့်ဝတ်စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ရာ ၎င်းတို့သည် ပရော်ဖက်ရှင်နယ်စံနှုန်းများနှင့်အညီ လိုက်နာပြုမူနေထိုင်ရမည်ဖြစ်ပါသည်။ ဖြစ်နိုင်ချေရှိသော အကျင့်ပျက်ခြစားမှုများမှာ ဥပမာအားဖြင့်

  • လိမ်လည်မှု (အထက်တွင်ကြည့်ပါ)။
  • လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုခြင်း။
  • အကျင့်ပျက်ခြစားမှု (ဥပမာ – အခမဲ့ဖြစ်သင့်သော ဝန်ဆောင်မှုများအတွက် ငွေလဲလှယ်ခြင်း)။
  • ခိုးမှုနှင့် အလွဲသုံးစားမှု (ဥပမာ- ပစ္စည်း သို့မဟုတ် ငွေခိုးယူခြင်း)။
  • လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်းအပါအဝင် နှောင့်ယှက်မှု။
  • ထိပါးစော်ကားခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်း။

လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှု သတင်းပို့ခြင်း။

UNHCR၊ မိတ်ဖက်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ကြောင်း သတိချပ်ပါ။

ကယ်၍ သင်သည် UNHCR သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် စေတနာ့ဝန်ထမ်းများ ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှု၏ သားကောင် သို့မဟုတ် သက်သေဖြစ်ပါက ၎င်းကိစ္စကို ချက်ချင်းသတင်းပို့ပါ။ သင့်အစီရင်ခံစာကို သေချာသော လျှို့ဝှက်ထိန်းသိမ်းမှုဖြင့် အလေးထားဆောင်ရွက်မည်ဖြစ်သည်။

ဤချိုးဖောက်မှုမှန်သမျှကို UNHCR သို့ လျှို့ဝှက်သတင်းပို့နိုင်သည်။ အကျင့်ပျက်ခြစားမှုသတင်းပို့ရန်၊ UNHCR စစ်ဆေးရေးမှူးရုံးသို့ အောက်ပါအတိုင်းဆက်သွယ်ပါ။


သက်ဆိုင်သော အချက်အလက်များ