ပင်လယ်ရေလမ်းနှင့် ကုန်းလမ်းတို့မှတဆင့် ခရီးသွားလာခြင်းဆိုင်ရာ အန္တရာယ်များ

ပုံမှန်မဟုတ်သောလမ်းကြောင်းများဖြင့် ခရီးသွားလာမှုများကြောင့် ကြုံတွေ့နိုင်သည့် ဥပဒေဆိုင်ရာ အကျိုးဆက်များ

မြို့နယ်ပြင်ပသို့ခရီးသွားခြင်း သို့မဟုတ် နိုင်ငံတကာနယ်စပ်များကို ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် ခရီးသွားစာရွက်စာတမ်းအတုများဖြင့် ဖြတ်သန်းခြင်းသည် မြန်မာနိုင်ငံဥပဒေအရ ပြစ်မှုမြောက်သည်။ ပြစ်မှုကျူးလွန်သူများ အနေဖြင့် အောက်ဖော်ပြပါဥပဒေများအရ ထောင်ဒဏ်ချမှတ်ခံရနိုင်ပါသည်၊၊

  • မြန်မာနိုင်ငံအတွင်း အထောက်အထားစာရွက်စာတမ်းမရှိဘဲ သို့မဟုတ် စာရွက်စာတမ်း အတုများဖြင့် ခရီးသွားလာသူများကို ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင် သူများမှတ်ပုံတင်ရေး အက်ဥပဒေ အရ (၂) နှစ်အထိ ထောင် ဒဏ် ချမှတ်နိုင်ပါသည်။
  • အထောက်အထားစာရွက်စာတမ်းမရှိဘဲ သို့မဟုတ် စာရွက်စာတမ်းအတုများဖြင့် နိုင်ငံတကာနယ်နမိတ်ဖြတ်ကျော်သူများကို ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး (အရေးပေါ်) အက်ဥပဒေ အရ (၅) နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ပါသည်၊၊

ပုံမှန်မဟုတ်သောခရီးသွားလာမှုကြောင့် တရားရင်ဆိုင်နေရသူများအတွက် UNHCR မှ ကူညီပံ့ပိုးမှု

မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပသို့ ပုံမှန်မဟုတ်သော လမ်းကြောင်းများဖြင့် ခရီးသွားလာခြင်းကြောင့် ဖမ်းဆီးခံရသူများ သို့မဟုတ် ခရီးသွားလာခြင်းဆိုင်ရာအခက်အခဲများ ရင်ဆိုင်နေရသူတို့ကို UNHCR မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးလျက်ရှိသည်။ တည်နေရာ၊ လိုအပ်ချက်များနှင့် ရရှိနိုင်သော အရင်းအမြစ်များပေါ်မူတည်၍ UNHCR နှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများက ဖမ်းဆီးခံထားရသူများအတွက် ဥပဒေရေးရာအကူအညီနှင့် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့ပေးနိုင်ပါသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများကို ပြန်လွှတ် ပေးရန် ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များက ချမှတ်ခြင်းဖြစ်ပါသည်။ သင်ကိုယ်တိုင် (သို့မဟုတ်) သင်သိသော သူတစ်ဦးဦး အတွက် အကူအညီလိုအပ်ပါက၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်း (သို့မဟုတ်) နိုင်ငံတကာနယ်စပ်ဖြတ်သန်းခြင်းဆိုင်ရာ အန္တရာယ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက UNHCR ကို ဆက်သွယ်ပါပင်လယ်ရေလမ်း သို့မဟုတ် ကုန်းလမ်းဖြင့် ခရီးသွားလာခြင်း မပြုမီနှင့် သွားလာနေစဉ်အတွင်း စဉ်းစားသင့်သော အဓိကအချက်အလက်အချို့ကို အောက်တွင်ဖော်ပြထားပါသည်။

အရေးကြီးမှတ်စု – UNHCR ၏ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ပါသည်။


၁။ ပင်လယ်ရေကြောင်းလမ်းမှတဆင့် ခရီးသွားလာခြင်းကြောင့် ဖြစ်လာနိုင်သော အန္တရာယ်အချို့မှာ ဘာတွေလဲ။ ⬇️

ပင်လယ်ရေကြောင်းခရီးဖြင့် ခရီးသွားလာစဉ်တွင် ခရီးစဉ်တလျှောက်အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ ရနိုင်ပြီး သင့်အတွက် အသက်အန္တရာယ်ရှိနိုင်ပါသည်။

  • လူများပြည့်ကျပ်ပြီး အန္တရာယ်ရှိသော စက်လှေများ – စက်လှေများတွင် ခရီးသည် အရေအတွက် ပုံမှန်ထက်ပို၍ တင်ဆောင်ခြင်းများကြောင့် လှုပ်ရှားရန်အတွက်ပင် နေရာမရှိခြင်း အပြင်၊ ခရီးစဉ် အတွင်း စက်လှေနစ်မြုပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။
  • အစားအစာနှင့် သောက်သုံးရေ မရရှိခြင်း – စားသောက်ရန်၊ သောက်သုံးရေ မလုံလောက်ခြင်း ကြောင့် နာမကျန်းဖြစ်နိုင်ပြီး ဆေးကုသမှုရရှိရန် ခက်ခဲနိုင်ပါသည်။
  • မိသားစုကွဲကွာမှု – ခရီးစဉ်အတွင်း မိသားစုဝင်များနှင့် ခွဲခွါခြင်းခံရနိုင်ပြီး ကျန်ရစ်သူမိသားစု ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နိုင်ပါသည်။
  • ခိုးယူမှု – လူမှောင်ခိုကူးသူများမှ သင့်ပစ္စည်းများ (ဥပမာ- သင်၏လက်ကိုင်ဖုန်း) ကို ခိုးယူနိုင် ပါသည်။
  • ခြိမ်းခြောက်ငွေညှစ်ခံရခြင်းနှင့် အကြွေးတင်ခြင်း – လူမှောင်ခိုကူးသူများက သဘောတူ ထားသည်ထက်ပို၍ ငွေကြေးများတောင်းခံနိုင်ပြီး သင့်အားနာကျင်အောင်ပြုလုပ်မည်ဟု ခြိမ်းခြောက်နိုင်ပါသည်။ သင့်ခရီးစဥ်အတွက် ငွေပေးချေပြီးနောက် သင်နှင့် သင့်မိသားစုသည် အကြွေးအမြောက်အများ တင်နိုင်ပါသည်။
  • ရိုက်နှက်ခြင်း နှင့် အခြားပုံစံများဖြင့် အကြမ်းဖက်ခြင်း – ဥပမာ အားဖြင့် ခရီးစဥ်အတွက် ငွေပေးချေမှု မလုပ်နိုင်လျှင်၊ သင့်အား လူမှောင်ခိုကူးသူများမှ ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်ပါသည်၊၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား လူမှောင်ခို ကူးသူများနှင့် အခြားခရီးသည်များမှ မုဒိမ်းကျင့် နိုင်သည်၊၊
  • ပင်လယ်ပြင်တွင် ပိတ်မိခြင်း – လူမှောင်ခိုကူးသူများက သင့်ကို ပင်လယ်တွင် စွန့်ပစ်သွားနိုင် ပါသည်။
  • ဖမ်းဆီးထိန်းသိမ်းခံရခြင်း – သင်သည် ဖမ်းဆီးထိန်းသိမ်းခံရနိုင်ချေရှိပြီး သင်မည်သည့် နေရာတွင်ရှိကြောင်း သင်၏ မိသားစုက မသိရှိနိုင်သည့် အခြေအနေဖြစ်နိုင်သည်၊၊ မြန်မာနိုင်ငံ အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပါက သင်သည် (၅) နှစ်အထိ ထောင်ဒဏ် ကျခံရနိုင်ပါသည်၊၊ နိုင်ငံတကာ နယ်စပ်ကို ဖြတ်ကျော်ပြီးဖြစ်ပါကလည်း သင်သည် နိုင်ငံခြားတွင် ဖမ်းဆီး ထိန်းသိမ်းခံရနိုင်ပြီး၊ မြန်မာနိုင်ငံ သို့ပြန်ပို့ခံရနိုင်သည်၊၊
  • အောင်မြင်စွာနယ်စပ်ဖြတ်ကျော်ပြီးနောက် ခေါင်းပုံဖြတ်မှု – အကယ်၍ သင်သည်လူမှောင်ခို ကူးသူ၏ အကူအညီဖြင့် နိုင်ငံတကာနယ်စပ်ကိုဖြတ်ကျော်နိုင်ပြီး ဖမ်းဆီးမခံရသော်လည်း အန္တရာယ်များကြုံနိုင်သေးသည်။ သင့်အား လုပ်ခလစာမဲ့ အတင်းအကြပ်ခိုင်းစေခံရနိုင်ပြီး သင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထုတ်ယူနိုင်သည်၊၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအား ၎င်းတို့၏ ဆန္ဒမပါပဲ အတင်းအကြပ် အိမ်ထောင်ပြုစေခြင်းမျိုး  သို့မဟုတ် ပြည့်တန်ဆာအဖြစ်အတင်းအကြပ် ခိုင်းစေခြင်းမျိုးများရှိနိုင်ပါသည်။

၂။ ကုန်းလမ်းခရီးမှတဆင့် ခရီးသွားလာခြင်းကြောင့် ဖြစ်လာနိုင်သော အန္တရာယ်အချို့မှာ ဘာတွေလဲ။ ⬇️

ကုန်းလမ်းခရီးလမ်းဖြင့် ခရီးသွားလာစဉ်တွင် ခရီးစဉ်တလျှောက် အန္တရာယ်အမျိုးမျိုးကြုံတွေ့ရနိုင်ပြီး သင့်အတွက် အသက်အန္တရာယ်ရှိနိုင်ပါသည်။

  • လုံခြုံမှုမရှိသောခရီးစဥ် – လူမှောင်ခိုကူးသူများသည် ပဋိပက္ခဖြစ်နေသော ဒေသများအပါအဝင် လုံခြုံမှု မရှိသော ခရီးလမ်းများကိုရွေးချယ်နိုင်သည်၊၊ သင်သည် မြေမြုပ်မိုင်း နှင့် ‌ပေါက်ခွဲ စေတတ်သောပစ္စည်းများကြောင့် ပြင်းထန်စွာဒဏ်ရာရနိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံရှုံးရနိုင်သည်၊၊
  • အစားအစာနှင့် သောက်သုံးရေ မရရှိခြင်း – စားသောက်ရန်၊ သောက်သုံးရေ မလုံလောက်ခြင်း ကြောင့် နာမကျန်းဖြစ်နိုင်ပြီး ဆေးကုသမှုရရှိရန်ခက်ခဲနိုင်ပါသည်။
  • မိသားစုကွဲကွာမှု – ခရီးစဉ်အတွင်း မိသားစုဝင်များနှင့် ခွဲခွါခြင်းခံရနိုင်ပြီး ကျန်ရစ်သူ မိသားစုဝင် များနှင့် အဆက်အသွယ် ပြတ်တောက်နိုင်ပါသည်။
  • ခိုးယူမှု – လူမှောင်ခိုကူးသူများမှ သင့်ပစ္စည်းများ (ဥပမာ- သင်၏လက်ကိုင်ဖုန်း) ကို ခိုးယူနိုင် ပါသည်။
  • ခြိမ်းခြောက်ငွေညှစ်ခံရခြင်းနှင့် အကြွေးတင်ခြင်း – လူမှောင်ခိုကူးသူများက သဘောတူ ထားသည်ထက်ပို၍ ငွေကြေးများတောင်းခံနိုင်ပြီး သင့်အား နာကျင်အောင်ပြုလုပ် မည်ဟု ခြိမ်းခြောက်နိုင်ပါသည်။ စစ်ဆေးရေးဂိတ်များတွင်လည်း သင့်ထံမှငွေတောင်းခံနိုင်သည်၊၊ သင့်ခရီးစဥ်အတွက် ငွေပေးချေပြီးနောက် သင်နှင့် သင့်မိသားစု သည် အကြွေးအမြောက်အများ တင်နိုင်ပါသည်။
  • ရိုက်နှက်ခြင်း နှင့် အခြားပုံစံများဖြင့် အကြမ်းဖက်ခြင်း – ဥပမာ အားဖြင့် ခရီးစဥ်အတွက် ငွေပေးချေမှု မလုပ်နိုင်လျှင်၊ သင့်အား လူမှောင်ခိုကူးသူများမှ ပြင်းပြင်းထန်ထန်ရိုက်နှက် နိုင်ပါသည်၊၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား လူမှောင်ခိုကူးသူများနှင့် အခြားခရီးသည်များမှ မုဒိမ်းကျင့် နိုင်သည်၊၊
  • သင်မရောက်ဖူးသောနေရာတွင်လမ်းပျောက်နိုင်ခြင်း – လူမှောင်ခိုကူးသူများက သင့်အား ခရီးစဥ်အတွင်း ပစ်ထားခဲ့နိုင်သည်၊၊
  • ဖမ်းဆီးထိန်းသိမ်းခံရခြင်း – သင်သည် ဖမ်းဆီးထိန်းသိမ်းခံရနိုင်ချေပြီး သင်မည်သည့် နေရာတွင်ရှိကြောင်း သင်၏မိသားစုက မသိရှိနိုင်သည့်အခြေအနေဖြစ်နိုင်သည်၊၊ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံရပါက သင်သည် (၅) နှစ်အထိ ထောင်ဒဏ် ကျခံရနိုင်ပါသည်၊၊ နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ပြီးဖြစ်ပါကလည်း သင်သည် နိုင်ငံခြားတွင် ဖမ်းဆီးထိန်းသိမ်းခံရနိုင်ပြီး၊ မြန်မာနိုင်ငံ သို့ပြန်ပို့ခံရနိုင်သည်၊၊
  • အောင်မြင်စွာနယ်စပ်ဖြတ်ကျော်ပြီးနောက် ခေါင်းပုံဖြတ်မှု – အကယ်၍ သင်သည် လူမှောင်ခိုကူးသူ၏ အကူအညီဖြင့် နိုင်ငံတကာနယ်စပ်ကိုဖြတ်ကျော်နိုင်ပြီး ဖမ်းဆီးမခံရသော်လည်း အန္တရာယ်များကြုံနိုင်သေးသည်။ သင့်အား လုပ်ခလစာမဲ့ အတင်းအကြပ် ခိုင်းစေခံရနိုင်ပြီး သင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထုတ်ယူနိုင်သည်၊၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအား ၎င်းတို့၏ ဆန္ဒမပါပဲ အတင်းအကြပ် အိမ်ထောင်ပြုစေခြင်းမျိုး သို့မဟုတ် ပြည့်တန်ဆာအဖြစ်အတင်းအကြပ် ခိုင်းစေခြင်းမျိုးများရှိနိုင်ပါသည်။

၃၊၊ ပင်လယ်ရေလမ်းခရီး သို့မဟုတ် ကုန်းလမ်းဖြင့် ခရီးသွားလာခြင်းမပြုမီ နှင့် ခရီးသွားလာစဥ်အတွင်း စဉ်းစားသင့်သောအချက်အလက်များ ⬇️

မြန်မာနိုင်ငံအတွင်း သို့မဟုတ် နိုင်ငံတကာနယ်စပ်ဖြတ်ကျော်၍ ပင်လယ်ရေလမ်းခရီး သို့မဟုတ် ကုန်းလမ်းဖြင့် ခရီးသွားလာခြင်းနှင့်ပတ်သက်သော အန္တရာယ်များအကြောင်း မေးမြန်းလိုပါက UNHCR သို့ ဆက်သွယ်နိုင်ပါသည်။ အောက်ဖော်ပြပါအကြံဉာဏ်အချို့သည် သင့်အတွက် အသုံးဝင်နိုင်ပါသည်။

  • အခွင့်အလမ်းများကို သုံးသပ်ပါ – မိတ်ဆွေများ၊ မိသားစုဝင်များ သို့မဟုတ် သူစိမ်းများက မှားယွင်းသော သို့မဟုတ် အန္တရာယ်ရှိသော အခွင့်အလမ်းများကို ပေးလာနိုင်ပြီး၊ သင့်အခြေအနေကို ကိုယ်ကျိုးအတွက် အသုံးချနိုင်ပါသည်၊၊ ထိုအခွင့်အလမ်းများကို လက်ခံပါက သင်မလိုလားသောအရာများကို ပြုလုပ်ရန် အတင်းအကြပ်ခိုင်းစေခြင်း သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ဖြစ်စေခြင်းများ ရှိလာနိုင်သလား စသည်တို့ကို စဉ်းစားပါ။
  • အကြံဉာဏ်ရယူပါ – ယုံကြည်စိတ်ချရသောသူများ သို့မဟုတ် အဖွဲ့အစည်းများနှင့် ဆွေးနွေးပြီး ထိုအခွင့်အလမ်း၊ အန္တရာယ်များ နှင့် ခရီးစဉ်အတွင်း မိမိကိုယ်ကို ကောင်းစွာကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်း သိရှိရန် ကြိုးစားပါ။
  • မိသားစုဝင်များနှင့်အတူနေပါ – လမ်းခရီးတလျှောက် မိသားစုဝင်များနှင့် ခွဲသွားခြင်း ကိုရှောင်ပါ။ မိသားစုနှင့်အတူရှိခြင်းသည် ကလေးများအတွက် အလုံခြုံဆုံးဖြစ်သည်။
  • မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေနိုင်သောအရာများကို မထိပါနှင့်၊ အနားမသွားပါနှင့် – ကုန်းလမ်း ဖြင့် ခရီးသွားပါက အန္တရာယ်ရှိနိုင်သောပစ္စည်းများကို သတိပြုပါ။ မိမိနှင့်အတူ ခရီးသွားသူများ ကိုလည်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေနိုင်သောအရာများမှ ဝေးဝေးနေရန် သတိပေးပါ။