အရေးကြီးမှတ်စု – UNHCR ၏ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အထူးသဖြင့် မုတ်သုန်ရာသီတွင် ပြင်းထန်သော ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိပါသည်။ မြေနိမ့်ပိုင်းဒေသများ၊ မြစ်ကမ်းနံဘေးနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှာ ရေတက်လာ ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပြိုခြင်းများအတွက် အထူးအန္တရာယ်ရှိသောဒေသများဖြစ်ပါသည်။ သတင်းအချက်အလက်ကြိုတင်ရရှိခြင်းနှင့် ပြင်ဆင်ထားခြင်းအားဖြင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင် ပါသည်။
ဤလမ်းညွှန်သည် မြန်မာနိုင်ငံရှိ ရပ်ရွာလူထု၊ မိသားစုများနှင့် လူပုဂ္ဂိုလ်များအား အရေးကြီးသော ရေဘေးအန္တရာယ် ဘေးကင်းလုံခြုံစေရေးနည်းလမ်းများကို ဖော်ပြထားပါသည်။ သင့်အနေဖြင့် ရေကြီးရေလျှံတတ်သောဒေသများတွင် နေထိုင်သူဖြစ်စေ၊ သို့မဟုတ် ကြိုတင်ပြင်ဆင်လိုသူဖြစ်စေ၊ ဤနည်းလမ်းများသည် ရေဘေးဒဏ်ခံနိုင်ရည်ရှိစေရန်နှင့် ရေမကြီးမီ၊ ရေကြီးနေစဥ်နှင့် ရေကြီးပြီးနောက် အချိန်များတွင် ဘေးအန္တရာယ်ကင်းရှင်းစွာနေထိုင်နိုင်ရန် အထောက်အကူဖြစ်စေပါသည်။
အကယ်၍ သင် (သို့မဟုတ်) သင်၏မိတ်ဆွေတစ်ဦးသည် ရေဘေးဒဏ်ခံစားနေရပြီး အကူအညီလိုအပ်နေပါက (သို့မဟုတ်) UNHCR မှ ထောက်ပံ့သော အကူအညီနှင့်ပတ်သက်၍ မေးမြန်းလိုပါက UNHCR သို့ ဆက်သွယ်နိုင်ပါသည်။
၁။ ရေဘေးအတွက်ကြိုတင်ပြင်ဆင်ခြင်း ⬇️
- သတင်းအချက်အလက် ရယူပါ။ မိုးလေဝသ သတင်းအချက်အလက်များကို ရေဒီယို၊ ရုပ်မြင်သံကြား၊ SMS သတိပေးစာများ၊ သို့မဟုတ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ၏ ဝက်ဘ်ဆိုဒ်တွင် ပုံမှန်စောင့်ကြည့်ပါ။ ကောလဟာလများဖြန့်ခြင်းကိုရှောင်ရှား၍ အတည်ပြုပြီးသား အချက်အလက် များကိုသာမျှဝေပါ။
- အန္တရာယ်အလားအလာကို နားလည်ပါ။ သင့်ဒေသတွင် ရေကြီးမှုဖြစ်ပွားပါက ဖြစ်နိုင်ခြေရှိသော အိမ်ခြံမြေပျက်စီးမှုများ၊ အရေးကြီးဝန်ဆောင်မှုများရပ်ဆိုင်းသွားခြင်း၊ ကျန်းမာရေးအန္တရာယ်များ၊ လမ်းပိတ်ဆို့မှုနှင့် အရေးပေါ်ရွှေ့ပြောင်းရနိုင်ခြေရှိခြင်းစသည့် အကျိုးသက်ရောက်မှုများကိုလေ့လာထားပါ။ အိမ်အတွင်း၊ အိမ်ပြင်ရှိ အလွယ်တကူ မျောပါနိုင်သော ပစ္စည်းများကို သေချာစွာ ချည်နှောင်ထားပါ။
- ဒေသတွင်းရေမျက်နှာပြင်ကို စောင့်ကြည့်ပါ။ မိမိပတ်ဝန်းကျင်ရှိမြစ်ချောင်းများ၏ အန္တရာယ်ရှိ နိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားပါ။
- အသက်ကယ်ပစ္စည်းများ ပြင်ဆင်ထားပါ။ အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ သစ်သားတုံးများနှင့် ကားတာယာကျွတ်များအား အဆင်သင့် အလွယ်တကူ ရရှိရန် ပြင်ဆင်သိမ်းဆည်း ထားပါ။
- မိသားစုအရေးပေါ်အစီအစဉ်ပြုလုပ်ပါ။ ဘေးလွတ်ရာသို့ ထွက်ခွာရန်လမ်းကြောင်းများ၊ ခိုလှုံရာ နေရာများ၊ ဆုံရပ်များ၊ အရေးပေါ်ဆက်သွယ်ရန် လိပ်စာများ နှင့်နည်းလမ်းများကို သတ်မှတ်ထားပါ။ အစီအစဥ်ကို မိသားစုဝင်အားလုံး သိရှိနားလည်အောင် ရှင်းပြထားပါ။ အကူအညီပေးမည်ဟု ဆိုသော သူစိမ်းများထံ ကလေးကို လုံးဝမအပ်နှံပါနှင့်။
- အရေးပေါ်အိတ်ပြင်ဆင်ထားပါ။ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်လိုအပ်ပါက လိုအပ်သောပစ္စည်းများ အားလုံးကို အိတ်တစ်လုံးထဲတွင် စုစည်းထားပါ။ ရေသန့်၊ ကြာရှည်ခံအစားအစာများ၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ဖုန်းအားသွင်းဓာတ်ခဲ (power bank)၊ ရှေးဦးသူနာပြုပစ္စည်းများနှင့် လိုအပ်သောဆေးဝါးများ ထည့်ပါ။ အလွယ်တကူယူနိုင်သော နေရာတွင် သိမ်းဆည်းထားပါ။
အရေးကြီးစာရွက်စာတမ်းများကိုလုံခြုံစွာသိမ်းဆည်းပါ။ ၎င်းတို့ကိုလုံခြုံသောနေရာတွင် ရေလုံသော ထည့်စရာဖြင့် သိမ်းဆည်းပါ။ - သန့်ရှင်းသောသောက်သုံးရေကိုစုဆောင်းထားပါ။ ရေကြီးနေချိန်တွင်သန့်ရှင်းသောသောက်သုံး ရေ အလွယ်တကူရရှိရန် အကန့်အသတ်ရှိနိုင်သောကြောင့် ကြိုတင်၍ ရေသန့်များကို လုံခြုံစွာ အဖုံးပိတ်၍ စနစ်တကျသိုလှောင်ထားပါ။
- ကြိုတင်အစမ်းလေ့ကျင့်မှုများ ပြုလုပ်ပါ။ မိသားစုဝင်များကို ဘေးလွတ်ရာသို့ထွက်ခွာရန် နည်းလမ်းများအား ကြိုတင်လေ့ကျင့်ပေးခြင်းဖြင့် အရေးပေါ်အခြေအနေတွင် မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်နေရာကိုသွားရမည်ကို သိရှိစေပါသည်။
၂။ ရေကြီးခြင်းဖြစ်ပေါ်နေစဥ် လိုက်နာရန်အချက်များ ⬇️
- သတင်းအချက်အလက် ရယူပါ။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ကဲ့သို့သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကိုစဥ်ဆက်မပြတ်နားထောင်ပြီးအကြံပြုချက်များကို လိုက်နာပါ။ အတည်ပြုထားသောသတင်းများအား အခြားသူများကိုလည်းမျှဝေပါ။
- လျှပ်စစ်ပစ္စည်းများကိုပိတ်ထားပါ။ မတော်တဆမှုများဖြစ်ခြင်းမှ ကာကွယ်ရန် အိမ်သုံး လျှပ်စစ်ပစ္စည်းများနှင့်မိန်းခလုတ်များကို ပိတ်ထားပါ။
- သန့်ရှင်းသောရေကိုသောက်ပါ။ သန့်ရှင်းသောသောက်သုံးရေ (သို့) ကျိုချက်ထားသောရေ (သို့) ရေသန့်ဆေးခတ်ထားသောရေကိုသာ သောက်သုံးပါ။
- အန္တရာယ်ရှိသောတိရစ္ဆာန်များကိုစစ်ဆေးပါ။ အဆိပ်ရှိသော (သို့) အန္တရာယ်ရှိသော တိရစ္ဆာန်များ အိမ်ခြံအတွင်း၌ ရှိ၊ မရှိ စစ်ဆေးပါ။
- တရားဝင်ညွှန်ကြားချက်များကို လိုက်နာပါ။ သက်ဆိုင်ရာ အစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါ က ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ မဆိုင်းမတွ ပြောင်းရွှေ့ခိုလှုံပါ။
- တိရစ္ဆာန်များကို ကာကွယ်ပါ။ တိရစ္ဆာန်များကို မလိုအပ်ပါဘဲ ချည်နှောင်ထားခြင်း မပြုလုပ်ပါနှင့်။
- ရေထဲမဆင်းပါနှင့်။ ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းမပြုလုပ်ပါနှင့်။
- မြစ်ချောင်းကမ်းပါးများကို ရှောင်ရှားပါ။ ရေကြီးသောဒေသများတွင် မြစ်၊ ချောင်း ကမ်းပါး တိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်း ကမ်းပါးများအနီးသို့ မသွားပါနှင့်။
- ရေစိုနေသောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။
- သင်ကားထဲတွင်ရှိနေလျှင်
- ရေကြီးနေစဥ်တံတားများ ထိခိုက်ပြီး ပြိုကျနိုင်ခြေရှိသောကြောင့် ၎င်းတို့ကို ရှောင်ရှားပါ။
- ရေဘေးအန္တရာယ်ရှိသောနေရာများတွင် ပြည်သူများကို ကာကွယ်ရန် အရေးပေါ်ဝန်ထမ်းများက တပ်ဆင်ထားသော သတိပေးအမှတ်အသားများကို ကျော်ြဖတ်မောင်းနှင်ခြင်းမပြုပါနှင့်။
- သင်ဖြတ်သန်းနိုင်မည်ဟုအထင်နှင့် ရေနက်ထဲသို့မောင်းနှင်ခြင်း မပြုလုပ်သင့်ပါ။
ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ ⬇️
- မိသားစုဝင်များပျောက်ဆုံးပါက အကြောင်းကြားပါ။ မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
- သတင်းအချက်အလက် ရယူပါ။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ကဲ့သို့သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကိုစဥ်ဆက်မပြတ်နားထောင်ပြီးအကြံပြုချက်များကို လိုက်နာပါ။ အတည်ပြုထားသောသတင်းများအား အခြားသူများကိုလည်းမျှဝေပါ။
- ရှင်းလင်းပါ။ အမှိုက်များအားစနစ်တကျ ရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအားစနစ် တကျ မီးရှို့ခြင်း (သို့) မြေမြှပ်ခြင်းများပြုလုပ်ပါ။
- အန္တရာယ်ရှိသောအရာများနှင့်အဝေးတွင်နေပါ။ အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင် သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပြီးကူညီရှင်း လင်းပါ။
- ရေဘေးနောက်ဆက်တွဲအန္တရာယ်များကို သတိပြုပါ။ ရေကြီးခြင်း၏နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကိုသတိပြုပါ။
- မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကို သတိထားပါ။ ရေကြီးမှုကြောင့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသောဗုံးများရွေ့လျားနိုင်သည်။ သံသယဖြစ်ဖွယ်ပစ္စည်းများကို မထိပါနှင့်၊ အနီးသို့မချဉ်းကပ်ပါနှင့်။
- ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ပါ။ ကယ်ဆယ်ရေးနှင့်အရေးပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ပါ။
- ကောလဟာလများကိုမယုံပါနှင့်။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာခြင်းမဟုတ်သည့် ကောလဟာလသတင်းများကို မယုံပါနှင့်။
- ညစ်ညမ်းသောရေကိုရှောင်ရှားပါ။ မသန့်ရှင်းသောရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်။
- ပုပ်သိုးနေသော အစားအစာများကို ရှောင်ပါ။ ရေစိုပြီးအနံ့အသက်မကောင်းသော အစားအစာ များကို မစားပါနှင့်။
- ရေထဲတွင် ခြေဗလာနှင့်သွားခြင်းရှောင်ပါ။ ရေဘေးသင့်ဒေသများ (သို့) ရေထဲသို့ကူးသန်းသွား လာရာတွင် ဖိနပ်အမြဲစီးပါ။
- မဖြစ်မနေကိစ္စမဟုတ်ပါက ကားမောင်းခြင်းကို ရှောင်ပါ။ ရေလွှမ်းနေသောနေရာများကို အရေးပေါ်အခြေအနေမှလွဲ၍ ကားဖြင့်ဖြတ်သန်းခြင်းမပြုပါနှင့်။ လမ်းများသည် ပျက်စီးနေခြင်း သို့မဟုတ် ရေနစ်မြုပ်နေခြင်း ဖြစ်နိုင်ပြီး ဘေးကင်းလုံခြုံရေးအတွက် ကြီးမားသော အန္တရာယ်များ ဖြစ်စေနိုင်ပါသည်။
မြန်မာနိုင်ငံသည် အထူးသဖြင့် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို မကြာခဏ ကြုံတွေ့နေရပါသည်။ ဘင်္ဂလားပင်လယ်အော်တစ်လျှောက်တွင် ရှည်လျားသော ကမ်းရိုးတန်းရှိခြင်းကြောင့် မုန်တိုင်းရာသီတွင် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီး၊ ရေလျှံခြင်း စသည့် ဘေးအန္တရာယ်များကို ခံစားရနိုင်ပါသည်။ မုန်တိုင်းမတိုက်မီ၊ တိုက်ခတ်နေစဥ်နှင့် မုန်တိုင်းတိုက်ပြီးနောက် အချိန်များတွင် မည်သို့ တုံ့ပြန်ဆောင်ရွက်သင့်သည်ကို သိရှိထားပြီး၊ ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်ပါသည်။
ဤလမ်းညွှန်သည် မြန်မာနိုင်ငံရှိ ရပ်ရွာလူထု၊ မိသားစုများနှင့် လူပုဂ္ဂိုလ်များအား မုန်တိုင်းဒဏ် ခံနိုင်ရည်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာနေထိုင်နိုင်ရန် အထောက်အကူဖြစ်စေမည့် လက်တွေ့ကျသော နည်းလမ်းများကို ဖော်ပြထားပါသည်။ သင့်အနေဖြင့် အန္တရာယ်များသောဒေသတွင် နေထိုင်သူဖြစ်စေ၊ သို့မဟုတ် ကြိုတင်ပြင်ဆင်လိုသူဖြစ်စေ၊ ဤနည်းလမ်းများသည် သင့်နှင့် သင့်ချစ်ရသူများကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
အကယ်၍ သင် (သို့မဟုတ်) သင်၏မိတ်ဆွေတစ်ဦးသည် မုန်တိုင်းဒဏ်ခံစားနေရပြီး အကူအညီလိုအပ်နေပါက (သို့မဟုတ်) UNHCR မှ ထောက်ပံ့သော အကူအညီနှင့်ပတ်သက်၍ မေးမြန်းလိုပါက UNHCR သို့ ဆက်သွယ်နိုင်ပါသည်။
၁။ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း ⬇️
- သတင်းအချက်အလက် ရယူပါ။ မိုးလေဝသ သတင်းအချက်အလက်များကို ရေဒီယို၊ ရုပ်မြင်သံကြား၊ SMS သတိပေးစာများ၊ သို့မဟုတ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ၏ ဝက်ဘ်ဆိုဒ်တွင် ပုံမှန်စောင့်ကြည့်ပါ။ ကောလဟာလများဖြန့်ခြင်းကိုရှောင်ရှား၍ အတည်ပြုပြီးသား အချက်အလက် များကိုသာမျှဝေပါ။
- အန္တရာယ်အလားအလာကို နားလည်ပါ။ သင့်ဒေသတွင် မုန်တိုင်းကြောင့်ဖြစ်ပေါ်နိုင်သော လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီး၊ ရေလျှံခြင်းတို့၏ သက်ရောက်မှုများကို လေ့လာထားပါ။
- အရေးပေါ်သုံးပစ္စည်းများထုတ်ပိုးပြင်ဆင်ထားပါ။ ရေသန့်၊ ကြာရှည်ခံအစားအစာများ၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ဖုန်းအားသွင်းဓာတ်ခဲ (power bank)၊ ရှေးဦးသူနာပြုပစ္စည်းများနှင့် လိုအပ်သောဆေးဝါးများ ထည့်ပါ။ အလွယ်တကူယူနိုင်သော နေရာတွင် သိမ်းဆည်းထားပါ။
- အရေးကြီးစာရွက်စာတမ်းများကိုလုံခြုံစွာသိမ်းဆည်းပါ။ ၎င်းတို့ကိုလုံခြုံသောနေရာတွင် ရေလုံသော ထည့်စရာဖြင့် သိမ်းဆည်းပါ။
- အသက်ကယ်ပစ္စည်းများ ပြင်ဆင်ထားပါ။ အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ သစ်သားတုံးများနှင့် ကားတာယာကျွတ်များအား အဆင်သင့် အလွယ်တကူ ရရှိရန် ပြင်ဆင်သိမ်းဆည်း ထားပါ။
- မိသားစုအရေးပေါ်အစီအစဉ်ပြုလုပ်ပါ။ ဘေးလွတ်ရာသို့ ထွက်ခွာရန်လမ်းကြောင်းများ၊ ခိုလှုံရာ နေရာများ၊ ဆုံရပ်များ၊ အရေးပေါ်ဆက်သွယ်ရန် လိပ်စာများ နှင့်နည်းလမ်းများကို သတ်မှတ်ထားပါ။ အစီအစဥ်ကို မိသားစုဝင်အားလုံး သိရှိနားလည်အောင် ရှင်းပြထားပါ။
- မိသားစုဝင်အားလုံးအတူတကွရှိနေပါ။ အကယ်၍ မိသားစုဝင်များကွဲကွာသွားပါက ပြန်လည်စုဝေး နိုင်သည့် ဆုံရပ်နေရာအား မုန်တိုင်းမကျရောက်မီ ကြိုတင် သတ်မှတ်ထားပါ။ အကူအညီပေးမည်ဟု ဆိုသော သူစိမ်းများထံ ကလေးကို လုံးဝမအပ်နှံပါနှင့်။
- မိမိပိုင်ဆိုင်မှုများကိုလုံခြုံအောင်လုပ်ပါ။ အိမ်အတွင်းအပြင်တွင် သွပ်ခေါင်မိုးများ၊ ခြံစည်းရိုးများကဲ့သို့ မုန်တိုင်းကြောင့်ထိခိုက်နိုင်သော အရာများကို စစ်ဆေး၍ သေချာစွာချည်နှောင်ထားပါ။ ပြတင်းပေါက်များကို ကာထား ပါ။ ကျိုးကျနိုင်သောသစ်ပင်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။
- လျှပ်စစ်နှင့်အသုံးအဆောင်စက်ပစ္စည်းများကိုပိတ်ထားပါ။ အသုံးမပြုချိန်တွင် မီးဖိုချောင်သုံး ဓာတ်ငွေ့နှင့် လျှပ်စစ်ပစ္စည်းများကို ပိတ်ထားပါ။ ဤသို့ဖြင့် ဓာတ်ငွေ့ယိုစိမ့်ခြင်း၊ မီးလောင်ခြင်း၊ သို့မဟုတ် ဝါယာရှေ့ာခ်ဖြစ်ခြင်းများကို လျှော့ချနိုင်ပါတယ်။
- ကြိုတင်အစမ်းလေ့ကျင့်မှုများ ပြုလုပ်ပါ။ မိသားစုဝင်များကို ဘေးလွတ်ရာသို့ထွက်ခွာရန် နည်းလမ်းများအား ကြိုတင်လေ့ကျင့်ပေးခြင်းဖြင့် အရေးပေါ်အခြေအနေတွင် မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်နေရာကိုသွားရမည်ကို သိရှိစေပါသည်။
၂။ မုန်တိုင်းဖြစ်ပေါ်နေစဥ် လိုက်နာရန်အချက်များ ⬇️
- တရားဝင်ညွှန်ကြားချက်များကို လိုက်နာပါ။ အရေးပေါ်ဝန်ဆောင်မှုများနှင့် ဒေသခံအာဏာပိုင် တို့၏ လမ်းညွှန်ချက်များကို စောင့်ကြည့်ပါ။ တိကျမှန်ကန်သောသတင်းများကိုသာ အခြားသူများနှင့် ဝေမျှပါ။ ကောလာဟလများ ဖြန့်ခြင်းကိုရှောင်ရှားပါ။
- မုန်တိုင်းဗဟိုအားသတိပြုပါ။ အကယ်၍ လေတိုက်နေရာမှ ရုတ်တရက်ငြိမ်သွားလျှင် ၎င်းသည် မုန်တိုင်းဗဟို ဖြတ်သန်းချိန်ဖြစ်နိုင်ပါသည်။ မကြာမီဆန့်ကျင်ဘက်အရပ်မှ ပိုမို ပြင်းထန်သော လေများတိုက်ခတ်လာနိုင်သည့်အတွက် အိမ်အတွင်း၌သာနေပါ။
- အိမ်အတွင်း၌နေပါ။ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာအာဏာပိုင်များမှ သတင်းထုတ်ပြန်သည်အထိ ပြတင်းပေါက်၊ တံခါးများနှင့်ဝေးရာ အိမ်၏ ဘေးကင်းလုံခြုံသော နေရာတွင်နေပါ။
- ရေထဲမဆင်းပါနှင့်။ ရေထဲတွင်မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းမပြုလုပ်ပါနှင့်။
- တိရစ္ဆာန်များကို ကာကွယ်ပါ။ တိရစ္ဆာန်များကို မလိုအပ်ပါဘဲ ချည်နှောင်ထားခြင်း မပြုလုပ်ပါနှင့်။
- ကမ်းရိုးတန်းဒေသများကိုရှောင်ရှားပါ။ လေမုန်တိုင်းအနည်းငယ်အားလျော့သွားချိန်တွင် ကမ်းခြေ၊ မြစ်ကမ်းနားနှင့် ကမ်းရိုးတန်းဒေသများသို့ သွားခြင်းမပြုလုပ်ရပါ။
- သန့်ရှင်းသောရေကိုသောက်ပါ။ သန့်ရှင်းသောသောက်သုံးရေ (သို့) ကျိုချက်ထားသောရေ (သို့) ရေသန့်ဆေးခတ်ထားသောရေကိုသာ သောက်သုံးပါ။
- မုန်တိုင်းတိုက်နေစဥ်အပြင်ရောက်နေပါက
- ချက်ချင်းခိုလှုံရာရှာပါ။ အနီးဆုံးရှိ အုတ်၊ ဘိလပ်မြေဖြင့် တည်ဆောက်ထားသော ခိုင်ခံ့သည့်အဆောက်အဦးကို ရှာပါ။ သွပ်မိုးအိမ်နှင့် ယာယီတဲများကဲ့သို့အားနည်းသော အဆောက်အအုံများကို ရှောင်ရှားပါ။
- အနီးတွင်ခိုလှုံရာမရှိပါက၊ သစ်ပင်များ၊ ဓာတ်မီးတိုင်များ၊ ဓာတ်ကြိုးများနှင့် ဝေးရာ မြေအနိမ့်ပိုင်းနေရာတွင် လဲလျောင်းသည့်အနေအထားဖြင့် နေပါ။ လေပြင်းနှင့် အတူ လွင့်ပါလာသောပစ္စည်းများမှ ကာကွယ်ရန် ဦးခေါင်းကိုအိတ် (သို့) လက်ဖြင့် ကာကွယ်ပါ။ စောင်၊ ဂျာကင်အင်္ကျီ (သို့) အိတ်စသည့်ရရှိနိုင်သော ပစ္စည်းများဖြင့် မိမိကိုယ်ကိုဖုံးအုပ်ထားပါ။
၃။ မုန်တိုင်းပြီးချိန်တွင် လိုက်နာရမည့်အချက်များ ⬇️
- ပျက်စီးမှုအခြေအနေကို အကဲဖြတ်ပါ။ အိမ်၏ အဆောက်အအုံပျက်စီးမှုနှင့် လျှပ်စစ်အန္တရာယ် များကို စစ်ဆေးပါ။ အကယ်၍ အဆောက်အအုံသည် မလုံခြုံပါက ချက်ချင်းထွက်ခွာပါ။
- ထိခိုက်ဒဏ်ရာရှိ/မရှိစစ်ဆေးပါ။ ဘေးကင်းချိန်တွင်အိမ်နီးချင်းများအားမေးမြန်း၍လိုအပ်ပါက ကူညီပေးပါ။
- အိမ်အတွင်း၌ဆက်နေပါ။ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာအာဏာပိုင်များမှ သတင်းထုတ်ပြန်သည်အထိအိမ်အတွင်း၌နေပါ။
- မိသားစုနှင့် ဆက်သွယ်ပါ။ မိသားစုဝင်အားလုံး လုံခြုံပြီး အတူရှိနေကြောင်း သေချာစေပါ။
- ညစ်ညမ်းသောရေကိုရှောင်ရှားပါ။ မသန့်ရှင်းသောရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်။
- အန္တရာယ်ရှိသောအရာများနှင့်အဝေးတွင်နေပါ။ ပြိုကျပျက်စီးနေသောအဆောက်အအုံများ၊ လဲကျနေသောသစ်ပင်များနှင့် မတည်ငြိမ်သောတောင်စောင်းများသို့သွားခြင်းရှောင်ရှားပါ။
- မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကို သတိထားပါ။ ရေကြီးမှုကြောင့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသောဗုံးများရွေ့လျားနိုင်သည်။ သံသယဖြစ်ဖွယ်ပစ္စည်းများကို မထိပါနှင့်၊ အနီးသို့မချဉ်းကပ်ပါနှင့်။
- တရားဝင်ညွှန်ကြားချက်များကို လိုက်နာပါ။ အရေးပေါ်ဝန်ဆောင်မှုများနှင့် ဒေသခံအာဏာပိုင် တို့၏ လမ်းညွှန်ချက်များကို စောင့်ကြည့်ပါ။ တိကျမှန်ကန်သောသတင်းများကိုသာ အခြားသူများနှင့် ဝေမျှပါ။ ကောလာဟလများ ဖြန့်ခြင်းကိုရှောင်ရှားပါ။
- မေးခွန်းများ၊ အကြံပြုချက်များနှင့် တိုင်ကြားချက်များပေးပို့ရန်
- လိမ်လည်မှုနှင့်အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း
- လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများနှင့် အလွဲသုံးစားမှုများကို တိုင်ကြားခြင်း
- မြန်မာနိုင်ငံရှိ UNHCR အကြောင်း
- မိသားစုပြန်လည်ဆက်သွယ်ခြင်း
- ကျွန်ုပ်တို့အားဆက်သွယ်ရန်
- UNHCR မှ ကိုယ်ရေးအချက်အလက်များ ကိုင်တွယ်ဆောင်ရွက်ခြင်း
- ငလျင်ဆိုင်ရာကူညီဆောင်ရွက်မှု
- ဥပဒေရေးရာ အထောက်အကူပေးခြင်း