အရေးကြီးမှတ်စု – UNHCR ၏ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ပါသည်။
အကူအညီရရှိရန် စာရင်းသွင်းရာတွင် UNHCR သို့မဟုတ် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် သင်၏ကိုယ်ရေးအချက်အလက်များကိုင်တွယ်ခြင်းဆိုင်ရာလုပ်ငန်းစဥ်အသေးစိတ်ကို UNHCR ကိုယ်စား ပံ့ပိုးပေးပါသည်။ ဤစာမျက်နှာတွင် မြန်မာနိုင်ငံရှိ အတင်းအကျပ်နေရပ်စွန့်ခွါ၊ ရွှေ့ပြောင်းနေထိုင်ရသူများ၊ နိုင်ငံမဲ့ဖြစ်နေသူများနှင့် ဒေသခံများအား ၎င်းတို့၏ကိုယ်ရေးအချက်အလက်များကို UNHCR က မည်သို့ကိုင်တွယ်ခြင်းအပေါ် သိလိုသောမေးခွန်းများအတွက် အဓိကအချက်များကို အနှစ်ချုပ်ဖော်ပြထားပါသည်။
၁။ UNHCR သည် ကျွန်ုပ်၏ ကိုယ်ရေးအချက်အလက်များကို အဘယ်ကြောင့် စုဆောင်းပါသနည်း၊ ထို့ပြင် UNHCR သည် ကျွန်ုပ်၏ ကိုယ်ရေးအချက်အလက်များကို မည်သို့အသုံးပြုမည်နည်း။ ⬇️
UNHCR သည် ၎င်း၏ တာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် သင့်ထံမှ ကိုယ်ရေးအချက်အလက်များကို စုဆောင်းပါသည်။ UNHCR ၏ တာဝန်မှာ အတင်းအကျပ်နေရပ်စွန့်ခွါ၊ ရွှေ့ပြောင်းနေထိုင်ရသူများ၊ နှင့် နိုင်ငံမဲ့သူများကို ကူညီပေးရန်ဖြစ်ပါသည်။ UNHCR သည် သင့်ကိုယ်ရေးအချက်အလက်များကို ၎င်း၏ အချက်အလက်သိုလှောင်စနစ် (database) ထဲတွင် ထည့်သွင်းပြီး သင်မည်သူဖြစ်ကြောင်း အတည်ပြုပါမည်။ ဤလုပ်ငန်းစဉ်ကို အထောက်အပံ့ရယူရန်စာရင်းသွင်းခြင်း ဟု ခေါ်ပါသည်။ ထို့နောက်သင့်ကိုယ်ရေးအချက်အ လက်များကို သင်၏လိုအပ်ချက်များ၊ တချို့သောအစီအစဉ်များ၏ အကျိုးခံစားခွင့်လိုအပ်ချက်များနှင့် ကိုက်ညီသည့် အထောက်အပံ့နှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် အသုံးပြုပါသည်။
သင့်ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်စွာထိန်းသိမ်းထားပြီး ကြည့်ရှုရန်လိုအပ်သူများကိုသာ ခွင့်ပြုချက်ပေးထားမည်ဖြစ်ပါသည်။
၂။ ကျွန်ုပ်၏ အချက်အလက်များကို မည်သူတွေက ကြည့်ရှုခွင့် ရှိသနည်း။ ⬇️
အကူအညီများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပေးနိုင်ရန်အတွက် လိုအပ်ပါက၊ သင့်ကိုယ်ရေးအချက်အလက်များကို မြန်မာနိုင်ငံရှိ အတင်းအကျပ်နေရပ်စွန့်ခွါ၊ ရွှေ့ပြောင်းနေထိုင်ရသူများ၊ နိုင်ငံမဲ့ဖြစ်နေသူများနှင့် ဒေသခံများကို ကူညီပေးနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အခြားဝန်ဆောင်မှုပေးသူများနှင့် မျှဝေခြင်းရှိနိုင်ပါသည်။
၃။ ကျွန်ုပ် နောက်ထပ်မည်သည့်အချက်များကို သိထားဖို့လိုအပ်ပါသနည်း။ ⬇️
UNHCR သည် သင့်အား သင့်လျော်သော အကူအညီနှင့် ဝန်ဆောင်မှုများအတွက် သင့်ထံမှ ရရှိသော အချက်အလက်များအပေါ် အခြေခံ၍ စဉ်းစားဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် တိကျမှန်ကန်ပြီး ပြည့်စုံသော အချက်အလက်များကို ပေးအပ်ရန် အရေးကြီးပါသည်။ ထို့အပြင် သင့်နေရပ်လိပ်စာ၊ ဖုန်းနံပါတ်အပါအဝင် သင့်အိမ်ထောင်စုနှင့် ပတ်သက်သော အရေးကြီးသည့် အခြေအနေပြောင်းလဲမှုများကို UNHCR သို့ အသိပေးရန် လိုအပ်ပါသည်။
၄။ ကျွန်ုပ်၌ မည်သည့် အခွင့်အရေးများရှိသနည်း။ ⬇️
သင့်တွင် သင်၏ကိုယ်ပိုင်အချက်အလက်များကို ရယူခြင်းနှင့် UNHCR ကမည်သို့အသုံးပြုသည်ကို သိရှိပိုင်ခွင့် ရှိပါသည်။ သင့်ကိုယ်ပိုင်အချက်အလက်များကို ပြင်ဆင်ရန် (သို့) အသစ်ပြန်လည်ဖြည့်စွက်ရန်လည်း အခွင့် အရေးရှိပါသည်။ အချို့သော အခြေအနေများတွင် UNHCR အား သင့်ကိုယ်ပိုင်အချက်အလက်များကို ဖျက်ပေးရန် တောင်းဆိုပိုင်ခွင့်လည်း ရှိပါသည်။ ထို့အပြင် UNHCR ၏ သင့်ကိုယ်ပိုင်အချက်အလက် အသုံးပြုမှုကို မည်သည့်အချိန်တွင်မဆို ကန့်ကွက်ပိုင်ခွင့်လည်း ရှိပါသည်။ သင်၏အခွင့်အရေးများကို အောက်ဖော်ပြပါ ဆက်သွယ်ရန်လမ်းကြောင်းများမှတစ်ဆင့် UNHCR ကို ဆက်သွယ်ခြင်းဖြင့် အသုံးချနိုင်ကြောင်း ကျေးဇူးပြု၍ မှတ်သားပါ။
သတိပြုရန်မှာ – သင့်ကိုယ်ပိုင်အချက်အလက်များကို စီမံဆောင်ရွက်ခြင်းသည် အကူအညီနှင့် ဝန်ဆောင်မှုများ ပေးပို့ရာတွင် ညှိနှိုင်းဆောင်ရွက်ရန်အတွက် လိုအပ်သော အရာဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍ သင့်အနေဖြင့် ဤစာရင်းသွင်းခြင်းလုပ်ငန်းစဉ်မှ ထွက်ရန် (သို့) UNHCR မှ သင့်အချက်အလက်များ အသုံးပြုခြင်းကို ကန့်ကွက်ပါက၊ UNHCR မှ ပံ့ပိုးပေးသော အကူအညီနှင့် ဝန်ဆောင်မှုများအတွက် ထည့်သွင်းစဉ်းစားခြင်းပြုတော့မည် မဟုတ်ပါ။ အလားတူ၊ အကယ်၍ သင်သည် UNHCR မှ အခြား လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုပေးသူများအား သင့်အချက်အလက်များ မျှဝေရန် ကန့်ကွက်ပါကလည်း အဆိုပါ အချက်အလက်မျှဝေမှု လိုအပ်သော အကူညီနှင့် ဝန်ဆောင်မှုများမှ ပြည့်ဝစွာ အကျိုးခံစားခွင့် ရရှိမည် မဟုတ်ပါ။
၅။ UNHCR ကို မည်သို့ဆက်သွယ်ရမည်နည်း။ ⬇️
UNHCR မှ သင်၏ကိုယ်ရေးအချက်အလက်များ ကောက်ယူအသုံးပြုမှုနှင့်ပတ်သက်၍ တောင်းဆိုချက် တင်ပြလိုပါက (သို့မဟုတ်) တိုင်ကြားလိုပါက၊ ကျွန်ုပ်တို့အားဆက်သွယ်ရန် မှတဆင့် ဆက်သွယ်နိုင်ပါသည်။
အကယ်၍ သင်သို့မဟုတ် သင့်မိသားစုဝင်များအနေဖြင့် UNHCR (သို့မဟုတ်) UNHCR မှ ငှားရမ်းထားသော အဖွဲ့အစည်း/ပုဂ္ဂိုလ်များ၏ မသမာမှု (ဥပမာ – သင့်ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုနှင့်ပတ်သက်သော မမှန်ကန်သည့်လုပ်ဆောင်ချက်များ) ကို သံသယရှိပါက (သို့မဟုတ်) သတင်းအချက်အလက်ပေးလိုပါက၊ UNHCR ဌာနချုပ်ရှိ စုံစမ်းစစ်ဆေးရေးရုံးချုပ် [လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း] သို့ တိုက်ရိုက်သတင်းပို့နိုင်ပါသည်။
သတိပြုရန်မှာ – စုံစမ်းစစ်ဆေးရေးရုံးချုပ်သည် အကာအကွယ်ပေးရေးနှင့် အကူညီဆိုင်ရာ တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သော အခွင့်အာဏာ မရှိပါ။
သက်ဆိုင်သော အချက်အလက်များ
-
- မေးခွန်းများ၊ အကြံပြုချက်များနှင့် တိုင်ကြားချက်များပေးပို့ရန်
- လိမ်လည်မှုနှင့်အကျင့်ပျက်ခြစားမှုများကို တိုင်ကြားခြင်း
- လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများနှင့် အလွဲသုံးစားမှုများကို တိုင်ကြားခြင်း
- မြန်မာနိုင်ငံရှိ UNHCR အကြောင်း
- မိသားစုပြန်လည်ဆက်သွယ်ခြင်း
- ကျွန်ုပ်တို့အားဆက်သွယ်ရန်
- ငလျင်ဆိုင်ရာကူညီဆောင်ရွက်မှု