အကြံပြုချက်များနှင့် တိုင်ကြားချက်များပေးပို့ရန်

ဒီဝက်ဘ်ဆိုက်မှာ သင်ရှာဖွေနေတဲ့ သတင်းအချက်အလက်တွေကို မတွေ့ဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့ ဆက်သွယ်ရေးပုံစံကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

  • ကျွန်ုပ်တို့သည် နေ့စဉ် စုံစမ်းမေးမြန်းမှုများစွာကို လက်ခံရရှိလျက်ရှိပါသည်၊ သင့်ထံအချိန်တိုအတွင်းအကြောင်းပြန်နိုင်ရန် အတွက်ကျွန်ုပ်တို့ အကောင်းဆုံးကြိုးစားမည်ဖြစ်ပြီး သင်၏စိတ်ရှည်သည်းခံနားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိအပ်ပါသည်။
  • သင့်မေးမြန်းမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲလုပ်ဆောင်ရန်ကိစ္စများဆောင်ရွက်နိုင်စေရန် သင့်ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်ကို ကျေးဇူးပြု၍ ချန်ထားခဲ့ပါ။
  • သင့်တွင် သင်ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးဦး၏ကိုယ်စားဖြစ်စေ တိုင်ကြားချက်ကိုပေးပို့ပိုင်ခွင့်လည်းရှိသည်။
  • UNHCR သို့မဟုတ် မိတ်ဖက်ရုံးများရှိ တိုင်ကြားချက်/အကြံပြုချက်စာတိုက်ပုံးများထဲသို့လဲ သင့်တိုင်ကြားချက်ကို ထည့်ထားခဲ့နိုင်သည် သို့မဟုတ် အစီရင်ခံစာတင်လိုသည့် မိတ်ဖက်အဖွဲ့အစည်းကိုလဲတိုက်ရိုက် အကြောင်းကြားနိုင်သည်။ သက်ဆိုင်ရာဝန်ထမ်း/မိတ်ဖက်အဖွဲ့အစည်းဝန်ထမ်းများက သင့်အား နောက်ဆက်တွဲလုပ်ဆောင်ရန်ကိစ္စများအတွက် ဆက်သွယ်ပါမည်။

ကျွန်ုပ်တွင် အစီရင်ခံတင်ပြရန် အရေးကြီးကိစ္စတစ်ခုရှိသည်။ ကျွန်ုပ်၏အချက်အလက်များကို လျှို့ဝှက်အဆင့်အတန်းဖြင့်လုပ်ဆောင်သည်ကို မည်သို့သိနိုင်မည်နည်း။

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ လုပ်ဆောင်ခြင်း၊ ဆုံးရှုံးစေခြင်း သို့မဟုတ် ပျက်စီးခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့၏ သတင်းအချက်အလက်ကာကွယ်ရေးမူဘောင်နှင့်အညီလိုက်နာ ဆောင်ရွက်ပါသည်။ လုပ်ပိုင်ခွင့်ရထားပြီး လေ့ကျင့်သင်ကြားထားသော UNHCR သို့မဟုတ် မိတ်ဖက်ဝန်ထမ်းများကသာ သင့်အချက်အလက်များကို ကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်သည်။ သင့်အချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်ပြီး သင့်ကိစ္စရပ်ကို ဖြေရှင်းရန် အတွက် လိုအပ်သူများနှင့်သာ မျှဝေမည်ဖြစ်သည်။ သင့်ခွင့်ပြုချက်မရှိဘဲ သင့်ဒေတာကို အခြားသူနှင့် မျှဝေမည်မဟုတ်ပါ။






    သက်ဆိုင်သော အချက်အလက်များ