မိသားစုပြန်လည်ဆက်သွယ်ရေး

မိသားစုဝင်များစည်းစည်းလုံးလုံးအတူတကွနေထိုင်နိုင်ရေးနှင့်ပတ်သက်သောကာကွယ်စောင်းရှောက်ခြင်းသည်အရေးကြီးသောလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။  နေရပ်စွန့်ခွါရွှေ့ပြောင်းခြင်းခရီးမစခင် သို့မဟုတ် နေရပ်စွန့်ခွါရွှေ့ပြောင်းခြင်းခရီးအတွင်း မိသားစုဝင်များနှင့် ခွဲခွာခဲ့ရပါက မြန်မာနိုင်ငံတွင်းပြန်လည်ဆက်သွယ်မှုရရှိနိုင်ရန် ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။

အကယ်၍ သင်သည် ပြည်တွင်းနေရပ်စွန့်ခွာသူ၊ ဒုက္ခသည်၊ ခိုလှုံခွင့်တောင်းခံသူ သို့မဟုတ် မြန်မာနိုင်ငံတွင် သင့်မိသားစုနှင့် ပြန်လည်ပေါင်းစည်းရန် ရည်ရွယ်၍ မြန်မာနိုင်ငံ သို့မဟုတ် အခြားနိုင်ငံသို့ ပြန်လည်သွားရောက်လိုသူဖြစ်ပါက၊ သင်သိရှိလိုသောနိုင်ငံ၏အကူအညီပင်မစာမျက်နှာကို ရွေးချယ်ခြင်းဖြင့် UNHCR၏ မိသားစု ပြန်လည်ပေါင်းစည်းရေး သတင်းအချက်အလက်ရှိရာ နေရာများသို့ ဆက်သွယ်နိုင်ပါသည်။

မြန်မာနိုင်ငံရှိမိသားစု ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင် မည်သူက သင့်ကို ကူညီပေးနိုင်မည်နည်း။

မိသားစုဝင်တစ်ဦးနှင့် အဆက်အသွယ်ပြတ်တောက်ပြီး ၎င်းတို့ကို ရှာဖွေရာတွင် အကူအညီလိုအပ်ပါက၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သို့ ဆက်သွယ်နိုင်ပါသည်။

တနင်္လာနေ့ မှ သောကြာနေ့ အထိ ၈း၃၀ မှ ၁၆း၃၀ အတွင်းဆက်သွယ်နိုင်သည်။

ကျွန်ုပ်၏ မိသားစုဝင်တစ်ဦးထံမှ သတင်းမကြားရသေးပါ၊ ၎င်းအား သွေးဆောင်ခေါ်ယူခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်ပါသည်။ UNHCR က ကျွန်ုပ်ကို ကူညီပေးနိုင်မလား။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ hotline ဖုန်းအားတိုက်ရိုက်သွယ်ရန် အကြံပြုလိုပါသည်။ ICRC သည် ကာယကံရှင်၏မိသားစုဝင်များထံမှ အကူအညီတောင်းခံမှုများကိုသာတုံ့ပြန်အကြံပြုကူညီပေးနိုင်ကြောင်းသတိချပ်ပါ။ ဆိုလိုသည်မှာ UNHCR သည် သင့်ကိုယ်စားအကူအညီတောင်းဆိုမှုပြုလုပ်နိုင်သည့် အခြေအနေတွင်မရှိပါ။


သက်ဆိုင်သော အချက်အလက်များ