အကောင့်ဝင်ရန် – ရှိပြီးသား အသုံးပြုသူများ

အဆင့် : “Log-in” ခလုတ်ကို နှိပ်ပါ။

အဆင့် : သင့် My Services အွန်လိုင်းအကောင့်သို့ ဝင်ရောက်ရန် ဖန်တီးထားသည့် e-mail လိပ်စာနှင့် စကားဝှက် ကို ထည့်သွင်းပါ။

အဆင့် : သင့် e-mail သို့ ပေးပို့လာမည့် အတည်ပြုကုဒ်အသစ် ကို ထည့်သွင်းပါ။ 

မှတ်ချက်: အကောင့်သို့ နှစ်ဖူး သုံးဖူး ပြန်ဝင်ရောက်သည့်အခါတွင် မိုဘိုင်းသို့ ပေးပို့သော အတည်ပြုကုဒ်ကို ထည့်ရန် မလိုအပ်ပါ။
UNHCR ၏ My Services အွန်လိုင်းပေါ်တယ်ကို အသုံးပြုရာတွင် Privacy Notice ကို မည်သည့်အချိန်မဆို ကြည့်ရှုပြီး အသုံးပြုနိုင်ပါသည်။

စကားဝှက်မေ့သွားသူများအတွက် Log-in မဝင်နိုင်ပါက အောက်ပါအဆင့်များကို လိုက်နာပါ—

  1. Log-in စာမျက်နှာအပေါ်ရှိ “Forgot your password?” ကို နှိပ်ပါ။
  2. စကားဝှက်ကို ပြန်လည်သတ်မှတ်ရန် ပေးထားသည့် စည်းခြင့်ညွှန်ကြားချက်များကို လိုက်နာပါ။
  3. သင့် e-mail သို့ အတည်ပြုကုဒ်တစ်ခု လက်ခံရမည် — သင့်ကို အတည်ပြုရန် ၎င်းကုဒ်ကို ထည့်သွင်းရပါမည်။
  4. အတည်ပြုမှုပြီးဆုံးပါက အသစ်သော စကားဝှက်တစ်ခု ဖန်တီးရန် တောင်းဆိုပါမည်။

ဤလုပ်ငန်းစဉ် စတင်မည့်အချိန်တွင် သင့် e-mail သို့ ဝင်ရောက်နိုင်ကြောင်း သေချာစစ်ဆေးထားပါ။

  • အင်တာနက်ဆက်သွယ်မှု တည်ငြိမ်ကြောင်း သေချာစစ်ဆေးပါ။
  • သင့် e-mail လိပ်စာနှင့် စကားဝှက်ကို မှန်ကန်စွာ ထည့်သွင်းထားကြောင်း စစ်ဆေးပါ။
  • အကောင့်ဖန်တီးစဉ် အသုံးပြုခဲ့သော အတိအကျ e-mail လိပ်စာကို သုံးနေကြောင်း သေချာစစ်ဆေးပါ။
  • အတည်ပြုကုဒ်ကို လက်နှင့်ရိုက်ထည့်မနေဘဲ copy နှင့် paste လုပ်၍ ထည့်ကြည့်ပါ။
  • စနစ်နှေးဖြစ်နေပါက မိနစ်အနည်းငယ် စောင့်ပြီး ပြန်လည်ကြိုးစားကြည့်ပါ။

ပြဿနာသည် ဆက်လက်ဖြစ်နေပါက Online Kobo Form ဖြင့် မေးမြန်းစာတင်ပို့ပါ။ “Are you registered with UNHCR in Indonesia?” ဆိုသော မေးခွန်းတွင် “YES” ကို ရွေးချယ်ပါ၊ ထို့နောက် သင့်မေးမြန်းမှုအကြောင်းအရာအဖြစ် “Online My Services Portal Technical Issue” ကို ရွေးချယ်ပါ။ Inquiry form အတွင်း သင်ကြုံတွေ့နေသော ပြဿနာကို အသေးစိတ် ရေးဖြည့်ပါ။

မရပါ။ သင့်လုံခြုံရေးအတွက် မည်သူနှင့်မျှ — မိသားစုဝင်များပါ — စကားဝှက်မျှဝေနိုင်ပါမည်မဟုတ်ပါ။

သင့်အကောင့်ကို အသုံးပြုရန် အကူအညီလိုအပ်ပါက သင်ယုံကြည်သည့်သူတစ်ဦးအား သင့်အကောင့်ကို သင့်အစား စီမံခန့်ခွဲနိုင်ရန် UNHCR ကို တောင်းဆိုနိုင်ပါသည်။
Delegation (အကောင့်ကို ကိုယ်စားလှယ်ပေးခြင်း) သည် သူတို့အား သင့်စကားဝှက်မလိုဘဲ သင့်အကောင့်ကို လုံခြုံစွာ စီမံခန့်ခွဲနိုင်စေပါသည်။

သင်၏ကိုယ်ပိုင်အကောင့်သည် သင်အသုံးပြုသည့် e-mail လိပ်စာနှင့် ချိတ်ဆက်ထားပြီး ၎င်းသည် သင်တစ်ဦးတည်းသာ အကောင့်ကို အသုံးပြုနိုင်စေရန်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် သင့်အကောင့်အတွက် e-mail လိပ်စာကို မပြောင်းလဲနိုင်ပါ။
သင့်အကောင့်ဖန်တီးစဉ် သုံးခဲ့သော e-mail ကို ဝင်ရောက်၍ မရတော့ပါက Online Kobo Form ဖြင့် inquiry တင်ပို့ပြီး “Are you registered with UNHCR in Indonesia?” မေးခွန်းအတွက် “YES” ကို ရွေးချယ်ပါ။ ထို့နောက် မေးမြန်းမှုအမျိုးအစားအဖြစ် “‘Online My Services Portal Technical Issue” ကို ရွေးချယ်ပြီး inquiry form ထဲတွင် သင့်ပြဿနာကို အသေးစိတ်ရေးပါ။

My Services Portal နှင့်ပတ်သက်သည့် အခြား technical ပြဿနာများအတွက်လည်း “Online My Services Portal Technical Issue” ကို မေးမြန်းမှုအမျိုးအစားအဖြစ် ရွေးချယ်နိုင်ပါသည်။

သင့်အကောင့်နှင့် ချိတ်ဆက်ထားသည့် e-mail သို့ ဝင်ရောက်၍ မရတော့ပါက UNHCR ကို ဆက်သွယ်ကာ အကူအညီတောင်းရပါမည်။
Online Kobo Form မှတဆင့် inquiry တင်ပို့ပြီး “Are you registered with UNHCR in Indonesia?”ဆိုသော မေးခွန်းအတွက် “YES” ကို ရွေးချယ်ပါ။ ထို့နောက် “‘Online My Services Portal Technical Issue” ကို မေးမြန်းမှုအမျိုးအစားအဖြစ် ရွေးချယ်ပြီး Inquiry form ထဲတွင် သင့်ပြဿနာကို အသေးစိတ် ရေးဖြည့်ပါ။