သင့်ရဲ့ ချိန်းဆိုမှုများကို ကြည့်ရှုခြင်းနှင့် စီမံခန့်ခွဲခြင်း

အကယ်၍ သင်သည် UNHCR တွင် မှတ်ပုံတင်ထားသူဖြစ်ပါက၊ My Services ပေါ်တယ်၏ Appointments (ချိန်းဆိုမှုများ) အပိုင်းတွင် သင့်၏ မိသားစုရဲ့ ပြောင်းလဲမှုများ (မွေးဖွားမှု/သေဆုံးမှု မှတ်တမ်း ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း) ကို စီမံရန် ချိန်းဆိုမှုများကို တောင်းဆိုခြင်း၊ ကြည့်ရှုခြင်းနှင့် လိုက်နာကြည့်ရှုခြင်းများကို ပြုလုပ်နိုင်ပါသည်။

သင့် Appointment စာမျက်နှာတွင် အောက်ပါလုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ပါသည် –

  • ချိန်းဆိုမှုတောင်းခံခြင်း
  • နှစ်သက်သည့် တည်နေရာကို ရွေးချယ်ခြင်း
  • ချိန်းဆိုမှုအချက်အလက်များကို ကြည့်ရှုခြင်း
  • ချိန်းဆိုမှုအသိပေးသတင်းများနှင့် သတိပေးချက်များကို လက်ခံခြင်း
  • ချိန်းဆိုမှုအား ပြန်လည်ချိန်းရန် (reschedule) သို့မဟုတ် ဖျက်သိမ်းရန် (cancel) ပြုလုပ်ခြင်း

ချိန်းဆိုမှုတောင်းရန် မည်သို့လုပ်ရမည်နည်း

အွန်လိုင်းပေါ်မှ တိုက်ရိုက် ချိန်းဆိုမှုတောင်းနိုင်ပါတယ်။

လုပ်ဆောင်ရမည့် အဆင့်များမှာ–

  • My Services Portal အကောင့်ထဲ Login ဝင်ပါ
  • Home Page တွင် “Appointments” ကို နှိပ်ပါ
  • “Request Appointment” ကို ရွေးပါ
  • လိုအပ်သည့် ချိန်းဆိုမှုအမျိုးအစားကို ရွေးပါ
  • နှစ်သက်ရာ လိပ်စာ/ဌာနကို ရွေးချယ်ပါ
  • တောင်းဆိုချက်ကို Submit လုပ်ပါ။ သင်၏ ချိန်းဆိုမှု အတည်ပြုချက်နှင့် အခြေနေကို “Appointments” အပိုင်းမှာ ပြန်လည်စစ်ဆေးနိုင်ပါသည်။

My Services portal တွင် သင့်ချိန်းဆိုမှုကို အချိန်ချိန်ပြီးသွားသောအခါ အတည်ပြုချက်တစ်ခုကို တွေ့ရှိပါလိမ့်မည်။
သင့်ဆက်သွယ်မှု ရွေးချယ်ထားသည့်နည်းလမ်းပေါ်အလျောက် SMS၊ e-mail သို့မဟုတ် ဖုန်းခေါ်ဆိုမှုမှတဆင့်လည်း အကြောင်းကြားချက် လက်ခံရရှိနိုင်ပါသည်။

သင့်နှစ်သက်ရာ တည်နေရာ (နယူးဒယ်လီ၊ ဟိုက်ဒရာဘာ) ကိုသာ ရွေးချယ်နိုင်ပါသည်။
သတ်မှတ်ထားသည့် တိတိကျကျ ရက်နှင့် အချိန်သည် UNHCR မှ ချိန်းပြီးပေးသွားမည် ဖြစ်ပြီး၊
ချိန်းဆိုမှု အတည်ပြုပြီးပါက သင့်ထံသို့ အသိပေးခြင်း ရရှိပါလိမ့်မည်။

တကယ်လို့ သင့်ချိန်းဆိုမှုကို မတက်ရ‌ောက်နိုင်သွားခဲ့ပါက၊
အကြောင်းအရာ(Subject) ကို “Missed Appointment” ဟုရေးပြီး
UNHCR သို့ [email protected] သို့ အီးမေးလ်ပေးပို့၍ ဆက်သွယ်ပါ။

မရပါ။ ပုဂ္ဂိုလ်တစ်ဦးချင်းစီသည် မိမိ၏ My Services အကောင့်မှ မိမိအတွက် ကိုယ်တိုင်သာ ချိန်းဆိုမှု တောင်းခံနိုင်ပါသည်။

တစ်စုံတစ်ယောက်က အကူအညီလိုအပ်ပါက UNHCR ကို တိုက်ရိုက် ဆက်သွယ်ရန် သို့မဟုတ်
မိမိ၏ ကိုယ်ပိုင်အကောင့်မှ တောင်းဆိုရန် လိုအပ်ပါသည်။