My Services ကို အသုံးပြုရာတွင် အကူအညီလိုပါသလား?
ဤစာမျက်နှာတွင်
- ကျွန်ုပ်ဘယ်လိုအကူအညီရနိုင်မလဲ?
- My Services portal ကို အသုံးမပြုချင်လျှင် / မသုံးတတ်လျှင် ဘာလုပ်ရမလဲ?
- တစ်စုံတစ်ယောက်အား ကျွန်ုပ် အကောင့်ကို စီမံခန့်ခွဲရန် ခွင့်ပေးလျှင် ဘာတွေ ဖြစ်လာမလဲ?
- ကျွန်ုပ်၏အကောင့်ကို တစ်စုံတစ်ယောက် အသုံးပြုခွင့်ကို ဖယ်ရှားလိုပါက ဘာလုပ်ရမလဲ?
- သိလိုရာများထပ်မံရှိသေးပါသလား? ကျွန်ုပ်တို့၏ FAQs ကို ကြည့်ပါ 👇
ဘယ်လို အကူအညီရနိုင်မလဲ?
နည်းပညာဆိုင်ရာ အကူအညီအတွက် မည်သည့်အချိန်မဆို UNHCR သို့
[email protected] သို့ e-mail ပို့၍ ဆက်သွယ်နိုင်ပါသည်။
My Services portal ကို မသုံးတတ်လျှင် / မသုံးချင်လျှင် ဘာလုပ်ရမလဲ?
သင်ယုံကြည်ရသော တစ်စုံတယောက်ကို သင့်ကိုယ်စား My Services Portal အကောင့်ကို စီမံခန့်ခွဲခွင့် ပေးရန် UNHCR ကို တောင်းဆိုနိုင်ပါသည်။ ဤလုပ်ငန်းစဉ်ကို delegation (အကောင့်ကို ကိုယ်စားပြုစီမံခန့်ခွဲခွင့်ပေးခြင်း) ဟု ခေါ်သည်။
သင့်အကောင့်ကို တစ်ဦးချင်းအား delegate ပြုခွင့်ပေးရန် တောင်းဆိုလိုပါက—
သင့်လုံခြုံရေးအတွက် သင် ကိုယ်တိုင် UNHCR ရုံးသို့လာရမည် ဖြစ်ပါသည်။ Appoinment ရနိုင်ရန်အတွက်
[email protected] သို့ “Delegation of My Services Portal Account” ဟူသော ခေါင်းစဉ်ဖြင့် e-mail ပို့ပေးပါ။
တစ်စုံယောက်အား ကျွန်ုပ်၏အကောင့်ကို စီမံခန့်ခွဲပေးရန် ခွင့်ပေးလျှင် ဘာတွေ ဖြစ်လာမလဲ?
သင်၏အကောင့်ကို စီမံခန့်ခွဲပေးမည့်သူသည် အောက်ပါများကို ပြုလုပ်နိုင်ပါသည်—
- သင့်အချက်အလက် (profile) ကို ကြည့်ရှုနိုင်သည်
- မွေးကင်းစ ကလေးစာရင်းသွင်းခြင်း၊ မိသားစု၀င်ကလေး သို့မဟုတ် အိမ်ထောင်ဘက် ထည့်သွင်းရန် သင့်ကိုယ်စားတောင်းဆိုနိုင်သည်
- သင့်ကိုယ်စား မိသားစုဝင် သေဆုံးမှုကို တင်ပြရန် တောင်းဆိုနိုင်သည်
- သင့်ကိုဆက်သွယ်ရန် သတင်းအချက်အလက်များကို အပ်ဒိတ်လုပ်ပေးနိုင်သည်။
အကောင့်စီမံခန့်ခွဲခွင့် ကို သင်လုံးဝယုံကြည်ရသောသူကိုသာပေးပါ။
စီမံခန့်ခွဲခွင့်ပေးထားသော သူများသည်ကိုယ်ပိုင် My Services အကောင့် ရှိသောသူဖြစ်ရမည်။
သင့်စကားဝှက်ကို မည်သူ့နှင့်မျှ မမျှဝေပါနဲ့ — Delegation က သင့်အတွက် အကောင်းဆုံးဖြစ်သော လုံခြုံရေးနည်းလမ်းဖြစ်သည်။
စီမံခန့်ခွဲခွင့်ကို သင်လိုချင်သလို မည်သည့်အချိန်မဆို ဖယ်ရှားနိုင်သည်။
အကောင့်ကို စီမံခန့်ခွဲခွင့်ပေးထားသူ၏ ဝင်ခွင့်ကို မည်သို့ ဖယ်ရှားမလဲ?
ချိန်းဆိုမှုတောင်းရန် “Revoke Delegation of My Services Portal Account” ဆိုသော ခေါင်းစဉ်ဖြင့် [email protected] သို့ အီးမေးလ်ပို့ပါ။
သို့မဟုတ် အောက်ပါအဆင့်များကို လိုက်နာ၍ အကောင့်လွှဲပြောင်းပေးထားသူကို မိမိအစား တောင်းဆိုစေနိုင်ပါသည်။
1My Services Portal သို့ Login ဝင်ပါ
2Settings ကိုသွားပါ
3“Manage who can access my services” တွင် ဝင်ခွင့်ရှိသူများကို တွေ့မြင်ပါမည်
4ဖယ်ရှားလိုသူ၏ နာမည်“Remove all access” ကိုနှိပ်ပါ
5Pop-up သတိပေးချက်တွင် အတည်ပြုပါ
သိလိုရာများရှိပါသေးသလား? အောက်ပါ မကြာခဏ မေးလေ့ရှိသော မေးခွန်းများ (FAQs) ကို ကြည့်ရှုနိုင်ပါတယ် 👇
သင့်အနေဖြင့် အောက်ပါ အခြေအနေများရှိပါက သင့်အကောင့်ကို အခြားယုံကြည်ရသောသူတစ်ဦးအား လွှဲအပ်နိုင်ပါတယ်—
- ဒစ်ဂျစ်တယ်ကိရိယာများကို အသုံးပြုရာမှာ ယုံကြည်မှုမရှိသော်လည်း Portal ကို သုံးချင်သေးလျှင်
- ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် အင်တာနက်ကို တက်ကြွစွာ မရရှိနိုင်လျှင်
- သင်ယုံကြည်ရသောသူ တစ်ဦးထံမှ အကူအညီ ရယူချင်လျှင်
သင် ပြည့်စုံစွာယုံကြည်နိုင်သောသူ ကိုသာ သင့်အကောင့် လွှဲအပ်ပေးသင့်ပါသည်။ လွှဲအပ်ခံသူသည် မိမိကိုယ်ပိုင် My Services အကောင့်ရှိထားရပါမည်။
မရပါ။ တစ်ချိန်တည်းတွင် လူတစ်ဦးကိုသာ သင့်အကောင့် လွှဲအပ်ခွင့်ပေးနိုင်သည်။
ကင်းပါတယ်။ Delegation (အကောင့်လွှဲအပ်ခြင်း) သည် တစ်ဦးဦးက သင့်အကောင့်ကို ကူညီခွင့်ရရန်အတွက် အရှည်ကြာအောင် အန္တရာယ်ကင်းသောနည်းလမ်း ဖြစ်ပါသည်။
သင့် စကားဝှက်ကို မျှဝေခြင်းမပြုလုပ်ပါနှင့် — Delegation ကိုအသုံးပြုခြင်းဟာ ကူညီမှုရရှိစဉ်တွင် သင့်အချက်အလက်များကို ကာကွယ်ပေးသော နည်းလမ်း ဖြစ်ပါတယ်။
မပြောင်းလဲနိုင်ပါ။ လုပ်ပိုင်ခွင့် အာဏာပေးထားသောသူသည် သင့်အကောင့်ကို ကြည့်ရှုနိုင်ပြီး Appointmentsတင်ရန် တောင်းဆိုပေးနိုင်ပါသည်။ သို့သော် portal မှတဆင့် သင်၏ ကိုယ်ပိုင်အချက်အလက်များကို ပြင်ဆင်ရန် မဖြစ်နိုင်ပါ။
လုပ်ပိုင်ခွင့်ပေးထားခြင်းကို သင်ဖယ်ရှားရန် မဆုံးဖြတ်သည်အထိ အကျိုးရှိနေပါသည်။ မင်းသည် အချိန်မရွေး access ကို ဖျက်သိမ်းနိုင်ပါသည်။
အရင်ဆုံး လက်ရှိ လုပ်ပိုင်ခွင့်အာဏာပေးထားသူ၏ access ကို ဖယ်ရှားသင့်ပါသည်။ ထို့နောက် UNHCR သို့ သွား၍ အခြားသူတစ်ဦးကို လုပ်ပိုင်ခွင့်အာဏာပေးရန် တောင်းဆိုနိုင်ပါသည်။ Appointment တင်ရန် [email protected] သို့ အီးမေးလ်ပေးပို့ပါ၊ အီးမေးလ်အကြောင်းအရာတွင် “Request New Delegation of My Services Portal Account” ဟု ရေးပါ။
ပေးနိုင်ပါတယ်။ တစ်ဦးယုံကြည်ပြီး UNHCR ကို သူ့အကောင့်ကို သင့်ထံ လုပ်ပိုင်ခွင့်ပေးရန် တောင်းဆိုလျှင်၊ သင်သည် သူ့အကောင့်ကို စီမံခန့်ခွဲရန် ကူညီနိုင်ပါသည်။ သင့်မှာ သင့် ကိုယ်ပိုင် My Services အကောင့် ရှိရမည်ဖြစ်ပါသည်။