သင့်အချက်အလက်များကို ကြည့်ရှုခြင်းနှင့် အပ်ဒိတ်ပြုခြင်း

My Profile တွင် သင် မည်သို့ အချက်အလက်များကို ကြည့်ရှုနိုင်မည်နည်း

Portal သို့ Sign in ဝင်ပြီး My Profile သို့ သွားလျှင်၊ UNHCR မှ မှတ်တမ်းတင်ထားသော အောက်ပါအချက်အလက်များကို ကြည့်ရှုနိုင်ပါသည်—

  • သင့် ကိုယ်ရေးအချက်အလက်များ
  • UNHCR နှင့် သင့်၏ မှတ်ပုံတင်အခြေအနေ
  • သင့်နေရပ်လိပ်စာ
  • မိသားစုဝင်များ သို့မဟုတ် အားကိုးသူများအတွက် ကိုယ်စား စီမံနေသည့် အကောင့်များ

ထိုအချက်အလက်များတွင် မှားယွင်းမှု တစ်စုံတစ်ရာ တွေ့ရှိပါက၊ သင်တစ်ယောက်တည်းကနေ တိုက်ရိုက် ပြင်ဆင်လို့မရပါ။ ဤအစား UNHCR နှင့် အချိန်ချိန်း တောင်းဆိုပြီး သင့်မှတ်တမ်းများကို အပ်ဒိတ်ပြုရန် လျှောက်ထားနိုင်ပါသည်။

My Settings တွင် သင်ဘာများ လုပ်နိုင်မည်နည်း

My Settings မှာ သင်၏ account နှင့် contact information များကို စီမံနိုင်ပါသည်—

  • Login details – Sign in ဝင်ရာတွင် သုံးသော username ကို ကြည့်ရှုနိုင်သည်
  • Password – My Services Portal password ကို ပြန်လည်သတ်မှတ် (reset)နိုင်သည်
  • Two-step sign in – Account အတွက် လုံခြုံမှုမြှင့်တင်ရန် Authenticator app ကို ဖွင့်နိုင်သည်
  • Contact details – သင့်ဖုန်းနံပါတ်နှင့် Email ကို ကြည့်ရှုနိုင်ပြီး မှန်ကန်ကြောင်း သင်အတည်ပြုသင့်သည်

သင်၏ ဖုန်းနံပါတ်သည် အသစ်ပြောင်းလဲသွားသည်၊ သို့မဟုတ် မှားနေသည့်အခြေအနေတွင် My Settings မှ တိုက်ရိုက် Update လုပ်နိုင်ပါသည်

1Change my contact details ကို နှိပ်ပါ

2ဖုန်းနံပါတ်အသစ် ကို ထည့်သွင်းပါ

3One-Time Password (OTP) ကို ဖုန်းသို့ ပေးပို့လာပါမည်

ဖုန်းသို့ရောက်ရှိသော OTP ကိုထည့်သွင်း၍ အတည်ပြုပါ

4Save your changes ကို နှိပ်ပါ

ဒီလိုလုပ်ပြီးလျှင်၊ သင်၏ ဖုန်းနံပါတ်အသစ်ကို UNHCR Database တွင် အလိုအလျောက် Update ဖြစ်သွားပါမည်

သင့်ရဲ့သတင်းအချက်အလက်များကို မှန်ကန်သပ်ရပ်အောင် ထိန်းသိမ်းထားရခြင်း၏ အရေးကြီးမှု

UNHCR တွင် သင့်ပရိုဖိုင်အတွင်းတင်ပြထားသော ဆက်သွယ်ရ‌ေးအချက်အလက်များသည် မှန်ကန်ပြီး လက်ရှိဆက်သွယ်နိုင်သ‌ောအချက်အလက်များ ဖြစ်နေခြင်းမှာ အလွန်အရေးကြီးပါသည်။ ဒါကြောင့် UNHCR သည် သင့်ကို လိုအပ်သည့်အချိန်တွင် ဆက်သွယ်နိုင်ရန်၊ သင့်ကိစ္စနှင့် ပတ်သက်သည့် အရေးကြီးသောသတင်းများကို မျှဝေပေးရန်နှင့် အရေးပေါ်အခြေအနေများတွင် မြန်မြန်ဆန်ဆန် အသိပေးနိုင်ရန် အထောက်အကူဖြစ်စေသည်။ သင့်တုံ့ပြန်ရန်အချက်အလက်များ (ကိုယ်ရေးကိုယ်တာအချက်အလက်/ဆက်သွယ်ရန်အချက်အလက်) မှားယွင်းနေပါက သင်အရေးကြီးသတင်းများ၊ သတင်းပေးအချက်အလက်များ သို့မဟုတ် သင့်နဲ့သက်ဆိုင်သော အစီအစဉ်များအတွက် ခေါ်ဆိုမှုများကို လွဲချော်နိုင်ပါသည်။ ထို့ကြောင့် သင့်အချက်အလက်များကို နာရီတိုင်း ပြန်လည်စစ်ဆေးပြီး မှန်ကန်အောင် ထိန်းသိမ်းထားခြင်းသည်
UNHCR သည် သင့်အား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် အရေးကြီးဆုံးဖြစ်ပါသည်။