My Services ဖိတ်ကြားစာ လက်ခံပြီး အကောင့်ဖန်တီးရန် အဆင်သင့် ဖြစ်ပြီလား?
Smartphone သို့မဟုတ် ကွန်ပျူတာ
UNHCR နှင့် မျှဝေထားသည့် သင့် E-mail လိပ်စာကို ဝင်ရောက်အသုံးပြုနိုင်မှု
UNHCR နှင့် မျှဝေထားသည့် [country] ထဲရှိ လက်ရှိ သင်အသုံးပြုနေသောဖုန်းနံပါတ်
အင်တာနက်
သင့်အကောင့်ကို ဘယ်လို ဖန်တီးမည်?
1သင်၏ အီးမေးလ်တွင် လက်ခံထားသော လင့်ကို နှိပ်ပါ။
2သင်၏ အီးမေးလ်လိပ်စာကို အတည်ပြုပါ။
မျက်နှာပြင်ပေါ် တွင် ပြထားသော သင်၏ အီးမေးလ်လိပ်စာကို အတည်ပြုရန်၊ သင့်အီးမေးလ်ထဲသို့ ပို့ထားသော အတည်ပြုကုဒ်ကို ထည့်သွင်းပါ။
ကုဒ် မရောက်ပါက “send new code” ကိုနှိပ်၍ ကုဒ်အသစ်ကို တောင်းနိုင်ပါသည်။
3သင်၏ ဖုန်းနံပါတ်ကို မှတ်ပုံတင်ပါ။
အိန္ဒိယတွင် သင်အသုံးပြုသော မိုဘိုင်းဖုန်းနံပါတ်ကို (WhatsApp သုံးရန်သာမဟုတ်သော နံပါတ်) ထည့်သွင်းပါ။
SMS ဖြင့် ပို့ထားသော ကုဒ်ကိုလည်း ထည့်ပါ။
ကုဒ် မရရှိပါက “send new code” ကိုနှိပ်၍ ကုဒ်အသစ်ကို တောင်းနိုင်ပါသည်။
မှတ်ချက်။ သင်၏ ဖုန်းနံပါတ်သို့ အရေးကြီးသော သတင်းအချက်အလက်များ ပေးပို့နိုင်သဖြင့် အသုံးပြုနေသည့် ဖုန်းနံပါတ်ကိုသာ ထည့်သွင်းပါ။
4စကားဝှက်တစ်ခု ဖန်တီးပါ။
အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီပြီး သင့်မှတ်မိရလွယ်ကူသော Password တစ်ခု ဖန်တီးပါ—
- အနည်းဆုံး အက္ခရာ ၉ လုံး
- အကြီးစာလုံး တစ်လုံး (A, B, C…)
- အငယ်စာလုံး တစ်လုံး (a, b, c…)
- နံပါတ် တစ်လုံး (1, 2, 3…)
- သင်္ကေတ တစ်လုံး (!, ?, $, …)
5သင့်အချက်အလက်များအား ဝင်ရောက်ကြည့်ရှုခြင်း
သင့်အကောင့် ဖန်တီးပြီးသည်နှင့် သင့်အချက်အလက်များနှင့် သင့်အတွက် ရရှိနိုင်သော ဝန်ဆောင်မှုများကို အလိုအလျောက် ဝင်ရောက်အသုံးပြုနိုင်ပါလိမ့်မည်။
မေးလိုရာများကျန်ရှိနေပါသလား?
ကျွန်ုပ်တို့ကို မကြာမေးလေ့ရှိသော မေးခွန်းများ ကို(FAQs) တွင်ကြည့်ရှုပါ 👇
Portal ကို အသုံးပြုရန်အတွက် အင်တာနက် နှင့် Smartphone သို့မဟုတ် ကွန်ပျူတာ တစ်ခု လိုအပ်ပါသည်။ သင်ယုံကြည်ရသော တစ်ဦးတစ်ယောက်ထံမှ Device ကို ဌားယူ၍ သုံးနိုင်ပါသည်၊ သို့မဟုတ် Digital Hub သို့မဟုတ် Internet Café ကဲ့သို့ Public Device တစ်ခု ကိုလည်း အသုံးပြုနိုင်ပါသည်။
ထိုအခါ—
- သင့်ကိုယ်ပိုင် E-mail လိပ်စာနှင့် ဖုန်းနံပါတ်ကိုသာ အသုံးပြုပါ
- အကောင့်သုံးပြီးပါက Log out ပြန်လုပ်ပါ
Portal သို့ မဝင်နိုင်သေးပါက၊ [email protected] သို့ Email ပို့၍ အခြားနည်းလမ်းများဖြင့်လည်း ဝန်ဆောင်မှုများကို တောင်းဆိုနိုင်ပါသည်။
မရပါ။ သင့်လုံခြုံမှုအတွက် Password ကို မည်သူမဆို—မိသားစုဝင်များအပါအဝင်—မျှဝေခြင်း မပြုသင့်ပါ။ သင့်အကောင့်ကို အသုံးပြုရာတွင် အကူအညီလိုပါက၊ UNHCR ကို ဆက်သွယ်၍ သင်ယုံကြည်ရသော တစ်ဦးတစ်ယောက်အား Delegated Access (အကောင့်ကို ကိုယ်စား စီမံခွင့်ပေးခြင်း) ပံ့ပိုးရန် တောင်းဆိုနိုင်ပါသည်။
Delegation သည် Password မလိုဘဲ သူတို့အနေဖြင့် င့်အကောင့်ကို လုံခြုံစိတ်ချရသော နည်းလမ်းဖြင့် စီမံခွင့်ရစေနိုင်ပါသည်။
သင်ထို E-mail ကို ထပ်မံဝင်ရောက်၍ မရနိုင်တော့ပါက၊
[email protected] သို့ Email ပို့ပြီး UNHCR ကို ဆက်သွယ်ကာ အကူအညီတောင်းနိုင်ပါသည်။