My Services Portal

UNHCR နှင့် မိတ်ဖက်အဖွဲအစည်းများ မှပေးအပ်သော ဝန်ဆောင်မှုများ အားလုံးကို အခမဲ့ ဖြစ်သည်။

UNHCR၏ My Services သည် အိန္ဒိယရှိ UNHCR တွင် မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံမှုလိုအပ်သူများအတွက် မိမိလိုအပ်သည့်အချိန်တွင် အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုများကို ရယူလိုက်နိုင်မှုအတွက် ပြင်ဆင်ထားသော အွန်လိုင်း Self-Service Portal တစ်ခု ဖြစ်ပါသည်။ ၎င်းကို အသုံးပြုရန်အတွက် UNHCR ရုံးများသို့ ကိုယ်တိုင် လာရောက်ရန် မလိုအပ်ပါ။

Portal သည် ဘေးကင်းပြီး၊ ရိုးရှင်းစွာ အသုံးပြုနိုင်ပြီး၊ မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာမှ English, Burmese, Dari, Arabic, Somali နှင့် Pashto ဘာသာများဖြင့် ဝင်ရောက်အသုံးပြုနိုင်ပါသည်။

Portal မှတစ်ဆင့် သင်လုပ်ဆောင်နိုင်သည်များမှာ—

📱 ဆက်သွယ်ရေးအချက်အလက်များကို အပ်ဒိတ်ပြုလုပ်ခြင်း
👨‍👩‍👧‍👦 မိသားစုဝင်များ ထည့်သွင်းခြင်း (မွေးစာရင်းသွင်းခြင်းနှင့် အခြားမိသားစုဝင်များ)
📅 အချိန်ချိန်းများ တောင်းဆိုခြင်းနှင့် စီမံခြင်း (မွေးစာရင်း/သေရစာရင်း)

My Services ကို အသုံးပြုရန်အတွက် အိန္ဒိယရှိ UNHCR တွင် မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံမှုလိုအပ်သူများသည် အကောင့်တစ်ခု ဖန်တီးရန် လိုအပ်ပါသည်။

UNHCR India သည် အိန္ဒိယရှိ UNHCR တွင် မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံမှုလိုအပ်သူများအားလုံးကို အကောင့်ဖန်တီးနိုင်ရန် ဖိတ်ကြားပါမည်။ 2026 နှင့် 2027 ခုနှစ်များအတွင်း New Delhi နှင့် Hyderabad ရှိ မှတ်ပုံတင်မှုဌာနများတွင် ကိုယ်ပိုင်သက်သေပြမှု (verification) မေးမြန်းဖြေဆိုမှု အချိန်ချိန်းများ ပြုလုပ်ပေးပါမည်။
သက်သေပြမှု မေးမြန်းခြင်းပြီးဆုံးသည့်အကြာ My Services portal တွင် ၎င်းတို့၏ အကောင့်များ ဖန်တီးပေးပါမည်။ Verification မေးမြန်းခြင်းအချိန်တွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက်သာ Digital Account များ ဖန်တီးပေးပါမည်။

သင်သည် အိန္ဒိယတွင် အသစ် ဝင်ရောက်လာသော ခိုလှုံမှုလိုအပ်သူတစ်ဦးဖြစ်ပါသလား?

သင်သည် အိန္ဒိယတွင် အသစ် ဝင်ရောက်လာသော ခိုလှုံမှုလိုအပ်သူတစ်ဦးဖြစ်ပါသလား?

သင်တွင် My Services အကောင့်ရှိပြီးပြီလား?