သင့်အကောင့်သို့ ဝင်ရောက်ခြင်း

My Services portal တွင် အကောင့်ရှိပြီးသားဖြစ်ပါက၊ သင့်လျှောက်လွှာကို ဆက်လက်တင်သွင်းခြင်း၊ အချိန်ချိန်း အခြေအနေကို စစ်ဆေးခြင်း၊ ဆက်သွယ်ရေးအချက်အလက်များ အပ်ဒိတ်ပြုခြင်း သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးပြုရန် မည်သည့်အချိန်မဆို ဝင်ရောက်နိုင်ပါသည်။

1Log in

“Log-in” ခလုတ်ကို နှိပ်ပါ။

2သင့် Login အချက်အလက်များ ထည့်သွင်းပါ

သင့်အကောင့်ကို ဖန်တီးစဉ် သုံးခဲ့သောE-mail Address နှင့် Password ကို ထည့်သွင်းပါ။

3Verification Code ကို ထည့်သွင်းပါ

သင့် E-mail သို့ ပို့ထားမည့် Verification Code အသစ်ကို ထည့်သွင်းပါ။

အရေးကြီးသတိပြုရမည့်ချက်များ

Log in ပြန်လုပ်သည့်အခါတွင် သင့်ဖုန်းနံပါတ်သို့ ပို့သော Code ကို ထည့်ရန် မလိုအပ်ပါ။
My Services portal ကို အသုံးပြုရာတွင် သက်ဆိုင်ရာ ပုဂ္ဂလိကသတ်မှတ်ချက် အကြောင်းကြားစာ ကို မည်သည့်အချိန်မဆို ကြည့်ရှုနိုင်ပါသည်။

Log in ပြုလုပ်ရာတွင် အခက်အခဲရှိပါသလား

Log-in စာမျက်နှာတွင် “Forgot password?” ကို နှိပ်ပါ။

သင်မှတ်ပုံတင်ထားသော E-mail လိပ်စာကို အသုံးပြု၍ Password ကို ပြန်ပြင်ရန် လမ်းညွှန်ချက်များကို လိုက်နာပါ။

E-mail မှ Password အသစ်တစ်ခု ဖန်တီးရန်တောင်းဆိုသည့် Verification Code တစ်ခု သင့် လက်ခံရရှိမည်။

သင့်အကောင့်နှင့် ဆက်သွယ်ထားသော E-mail Address ကို မဝင်နိုင်တော့ပါက၊
[email protected] သို့ Email ပို့ပြီး UNHCR ကို ဆက်သွယ်ကာ အကူအညီ တောင်းလိုက်ပါ။

  • အင်တာနက် ချိတ်ဆက်မှုရှိမရှိ သေချာစစ်ဆေးပါ။
  • E-mail Address နှင့် Password ကို မှန်ကန်စွာ ရိုက်ထားကြောင်း ထပ်မံစစ်ဆေးပါ။
  • အကောင့်ဖန်တီးစဉ် သုံး E-mail Address ကိုသာ အသုံးပြုနေကြောင်း သေချာပါစေ။
  • Verification Code ကို ရိုက်ထည့်မည့်အစား Copy/Paste လုပ်ကြည့်ပါ။
  • System နှေးနေလျှင် အချိန်အနည်းငယ် စောင့်ပြီး ပြန်ကြိုးစားပါ။

ပြဿနာ ဆက်လက်ရှိနေပါက၊
[email protected] သို့ Email ပို့၍ UNHCR ထံ အကူအညီတောင်းနိုင်ပါသည်။

သင့်အကောင့်သို့ Log in ဝင်ပြီးနောက် “My Settings” သို့ ၀င်ပါ၊ ထို့နောက် “Reset Account Password” ကို ရွေးချယ်ပါ။